နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဖွင့်ဟလိုက်တဲ့ မိုက်ကယ် ကာရစ်ခ် | ပရီးမီးယားလိဂ်

မားကပ်စ် ရက်ရှ်ဖို့ဒ် အတွက် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ရဲ့ အစီအစဉ်ကို နည်းပြ မိုက်ကယ် ကာရစ်ခ် ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြသစ်ဟာ ရာသီကြို ပြင်ဆင်မှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ် အနေနဲ့ ဒီတစ်ပတ်အတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘာစီလိုနာမှာ အငှားနဲ့ သွားကစားပြီး ခြေစွမ်းပြခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ပြီးခဲ့တဲ့ရာသီ အကုန်မှာ ရောင်းထုတ်ပြီး ငွေဖော်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် လာလီဂါ ချန်ပီယံ ဘာစီလိုနာက ပေါင် သန်း ၄၀ တန်ကြေး ရှိတဲ့ ပြောင်းရွှေ့ကြေး စာချုပ်ပါ စည်းကမ်းချက်ကို အသုံးမပြုခဲ့သလို စာချုပ် သက်တမ်း ကုန်ဆုံးခွင့်ပေးခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ပြန်လည် ကစားခွင့် ရရှိခဲ့တာကြောင့် လစာ တိုးမြှင့်ရရှိခဲ့တဲ့ ကစားသမား အများစုထဲမှာ ရက်ရှ်ဖို့ဒ်လည်း အပါအဝင် ဖြစ်ခဲ့ပြီး လက်ရှိအချိန် မှာတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရေရေရာရာ မရှိသေးပါဘူး။ ဒါပေမယ့် နည်းပြ ကာရစ်ခ် ကတော့ ဒီတောင်ပံ ကစားသမားဟာ သူ့ရဲ့ မိခင် ကလပ် အသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

စနေနေ့က ပီအက်စ်ဂျီနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ ကာရစ်ခ်က “ကျွန်တော် သူနဲ့ အတူ ကစားခဲ့ဖူးပါတယ်။ သူ ပထမဆုံး ပွဲထွက် ကစားခဲ့တဲ့ ပွဲမှာလည်း ကျွန်တော် ပါဝင်ခဲ့ဖူးတာမို့ ကျွန်တော် တို့မှာ အတူတူဖြတ်သန်းခဲ့ကြတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒီတစ်ပတ် ဒပ်ဘလင်မှာ ပြုလုပ်မယ့် ရာသီကြို ခရီးစဉ် မှာတော့ လူစုံတက်စုံ ပါဝင်မှာပါ။ အဲဒီကို တိုက်ရိုက် ပျံသန်းမှာ ဖြစ်ပြီး အသင်း တစ်ဖွဲ့လုံး ပြန်လည် စုစည်းဖို့ ရက်အနည်းငယ် ရရှိပါလိမ့်မယ်။ မားကပ်စ်တင်မကဘဲ ကိုဘီ မိန်နူးနဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ပါ ပါဝင်လာမှာ ဖြစ်လို့ သူတို့ကို ပြန်တွေ့ရဖို့ မျှော်လင့်နေပါတယ်” လို့ ပြန်ပြောင်း ပြောပြသွားခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ နည်းပြဟောင်း ရူဘင် အမော်ရင် လက်ထက် ခြေစွမ်း အဆင့်အတန်း နိမ့်ကျမှုကြောင့် အသင်းမှာ နေရာပျောက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို အားမလို အားမရ ဖြစ်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေ မှာတော့ သူဟာ ဘယ်ခံစစ် အတွက်မဆို ခြိမ်းခြောက်နိုင်ဆဲ ပရီးမီးယားလိဂ် အဆင့် ကစားသမား တစ်ဦးပါ။

ပြီးခဲ့တဲ့ရာသီ ဘာစီလိုနာမှာ ၁၄ ဂိုးသွင်း၊ ၁၄ ဂိုး ဖန်တီးပေးခဲ့တဲ့ စွမ်းဆောင်ရည်က ရက်ရှ်ဖို့ဒ် ထိပ်တန်း ခြေစွမ်းမှာ ရှိနေသေးကြောင်း သက်သေပြနေပါတယ်။ အသင်းမှာ ထိပ်တန်း လစာ ရယူနေမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနိုင်ပေမယ့် ဘဏ္ဍာရေးပိုင်းက နည်းပြ ကာရစ်ခ် အတွက် ပူပန်စရာ မဟုတ်ပါဘူး။ ကာရစ်ခ်ရဲ့ အဓိက တာဝန် ကတော့ ရက်ရှ်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ ထိရောက်တဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိအောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ဘယ်တောင်ပံနေရာဟာ အားနည်းချက် တစ်ခု ဖြစ်နေပါတယ်။ နည်းပြ ကာရစ်ခ် လက်ထက်မှာ တိုက်စစ်မှူး မားသီးယပ်စ် ကူညာနဲ့ နောက်ခံလူ ပက်ထရစ် ဒေါဂူ တို့ကို ဒီနေရာမှာ အလှည့်ကျ သုံးစွဲခဲ့ပြီး နှစ်ယောက်စလုံး ခြေစွမ်းပြခဲ့ကြပေမယ့် သဘာဝ တောင်ပံ ကစားသမား အစစ်အမှန် တစ်ယောက် ပြန်လည် ပါဝင်လာတာကို နည်းပြသစ်က ဝမ်းသာအားရ ကြိုဆိုနေမှာ သေချာပါတယ်။

ဒါပေမယ့် ရက်ရှ်ဖို့ဒ် အနေနဲ့ ပွဲထွက်ခွင့် အာမခံချက်တော့ အပြည့်အဝ ရရှိမှာ မဟုတ်ပါဘူး။ လက်ရှိ ပရီးမီးယားလိဂ် ကလပ်မှာ ဘရူနို ဖာနန်ဒက်စ် တစ်ယောက်ထဲသာ ပွဲထွက်ခွင့် အသေအချာ ရရှိနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာရစ်ခ် ကတော့ သူ့ကို အစစအရာရာ အသစ်က ပြန်စခွင့် ပေးမှာ ဖြစ်သလို ပွဲထွက်ခွင့်နေရာ ရရှိအောင် ကြိုးစားဖို့ တကယ့်ကို အခွင့်အရေးကောင်း ပေးသွားမယ်လို့လည်း သိရပါတယ်။

ကာရစ်ခ်ဟာ နည်းပြဟောင်း အမော်ရင်ရဲ့ မြင့်မားတဲ့ စံချိန်စံညွှန်း တောင်းဆိုမှုတွေကို ဆက်လက် ထိန်းသိမ်းထားတာကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းမှာ ပါဝင်ဖို့ ထိုက်တန်ကြောင်း သက်သေပြရဦးမှာ ဖြစ်ပြီး လေ့ကျင့်ရေးပိုင်းမှာ လျှော့ချလိုက်တာနဲ့ အသင်း ပြင်ပကို ပြန်လည် ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ နည်းပြ တစ်ယောက် လက်အောက်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတိုင်း ပြဿနာတွေ ထပ်မံ မကြုံတွေ့ရတော့ဘဲ အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်