နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားသစ် ထပ်မံခေါ်ယူဖို့ မရေမရာ ဖြစ်နေချိန်မှာ ယူနိုက်တက် အသင်း ကွင်းလယ်ပိုင်း ဘယ်လိုမျိုး ပြန်လည် တည်ဆောက်မလဲ | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးလထဲကို ရောက်ရှိလာချိန်မှာ အသင်းရဲ့ အဓိက လိုအပ်ချက် ရှိနေတဲ့ နေရာတွေကို ထပ်မံ အားဖြည့်ဖို့ စဉ်းစားစရာတွေ အများကြီး ရှိနေပါတယ်။ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်ဟာ အန်ဒရီ ဆန်းတို့စ်နဲ့ ယူရီ တေးလီမန့်စ်တို့ နှစ်ဦး အတွက် စုစုပေါင်း ပေါင် ၈၅ သန်းခန့် သုံးစွဲထားခဲ့ပါတယ်။ ဒါ့အပြင် အရန်ဂိုးသမား ကားလ် ဒါးလိုးဝ် ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ကက်စ်မဲရိုး ထွက်ခွာသွားခဲ့မှုနဲ့ အသင်းရဲ့ လူအင်အား တောင့်တင်းမှု မရှိခဲ့တာတွေကို အစားထိုးဖို့ အတွက် ကွင်းလယ်လူ စုစုပေါင်း သုံးဦး အထိ ခေါ်ယူဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဘယ်နောက်ခံလူ၊ ဘယ်တောင်ပံ ကစားသမားနဲ့ တိုက်စစ်မှူး တစ်ဦးစီ ကိုလည်း ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီ စတင်ချိန်ကတည်းက ပစ်မှတ်ထားခဲ့တဲ့ မက်တီးယပ်စ် ဖာနန်ဒက်စ်နဲ့ ဆန်ဒရို တိုနာလီ တို့ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှ အတန်ငယ် လက်တွန့်သွားခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦးစလုံးဟာ ပြောင်းရွှေ့ကြေး မြင့်မားတာကြောင့်ရော၊ ပြီးခဲ့တဲ့နှစ်က မားသီးယက်စ် ကူညာ၊ ဘရိုင်ယန် အမ်ဘွေမိုနဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့လို အိုးထရက်ဖိုဒ်ဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒပြင်းပြမှု မရှိတာကြောင့်ပါ စုစုပေါင်း ပေါင် ၁၈၅ သန်း နဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဆီ ရောက်ရှိသွားခဲ့ကြတာပါ။ ယူနိုက်တက်ဟာ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တာကြောင့် အသင်း အင်အားကို ပိုမို တောင့်တင်းအောင် ပြင်ဆင်ဖို့ လိုအပ်နေပြီး ရှိသမျှ ဘတ်ဂျက်ကို အထိရောက်ဆုံး သုံးစွဲကာ လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းဖို့ ပြင်ဆင်နေပါတယ်။

 

ကျန်ရှိနေတဲ့ ဘက်ဂျက်ကို ယူနိုက်တက် ဘယ်လို စီမံခန့်ခွဲမလဲ

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ တတိယမြောက် ကွင်းလယ်လူ ခေါ်ယူမယ့် အစီအစဉ်ကို စွန့်လွှတ်ရဖွယ် ရှိနေပါတယ်။ အသင်းနဲ့ သတင်းတွေ ထွက်နေတဲ့ ကားလို့စ် ဘယ်လီဘာ့၊ အော်ရီလီယန် ချူအာမေနီနဲ့ မာနူ ကိုနေး တို့လို ခံစစ်အဓိက ကွင်းလယ်လူတွေကို ခေါ်ယူမလား ဆိုတာကတော့ “မရေမရာ” ဖြစ်သွားခဲ့ပါပြီ။

ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဘယ်နောက်ခံလူ၊ ဘယ်တောင်ပံ ကစားသမားနဲ့ တိုက်စစ်မှူး တစ်ဦးစီ ကိုလည်း ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ကာရစ်ခ် လက်အောက်မှာ နေရာပြောင်း ကစားနေတဲ့ မေဆန်မောင့်

အခုအခါမှာတော့ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဘက်ဂျက် အသုံးစရိတ်ကို ဘယ်နေရာမှာ ထိရောက်စွာ အသုံးပြုမလဲဆိုတာကို ပြန်လည် စဉ်းစားနေကြပါတယ်။ နယူးကာဆယ်ရဲ့ ဘယ်နောက်ခံလူ လူးဝစ် ဟောလ်ကို ခေါ်ယူဖို့ ကြိုးပမ်းတာက ဘက်ဂျက် ပိုကုန်ကျနိုင်ပေမယ့် တခြားသော အစားထိုး ကစားသမား အများအပြား ကိုတော့ စျေနှုန်း အသက်သာဆုံးနဲ့ ရရှိနိုင်ပါသေးတယ်။ ဘယ်တောင်ပံ တိုက်စစ် နေရာ ကိစ္စ ကတော့ မားကတ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် ရာနှုန်းပြည့် ရေရာသွားမှပဲ အဖြေပေါ်လာမှာပါ။

တိုက်စစ်မှူး နေရာမှာ အသက် ၂၃ နှစ် အရွယ် ဘင်ဂျာမင် ဆက်စ်ကိုနဲ့ အပြိုင် ကစားမယ့် လူငယ် တိုက်စစ်မှူးမျိုးထက် ဂျင်းန်-ဖိလစ် မက်တေးတားလိုမျိုး သက်ကြီး ဝါရင့် အကူအညီပေးနိုင်မယ့် အရန် တိုက်စစ်မှူးကို ခေါ်ယူတာက ပိုမို သင့်တော်ပါလိမ့်မယ်။ ဒါမှမဟုတ် ဂျူဗင်တပ်စ် ကနေ ထွက်ခွာလာပြီး အလွတ် ကစားသမား ဖြစ်နေတဲ့ အသက် ၂၆ နှစ် အရွယ် ဒူဆန် ဗလာဟိုဗစ် ကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါတယ်။

 

ကစားသမားသစ် ထပ်မခေါ်ဘဲ ကွင်းလယ် ပြဿနာကို ယူနိုက်တက် ဘယ်လိုဖြေရှင်းမလဲ

ခံစစ် ကွင်းလယ်လူ မန်ဝဲလ် အူဂါတေး ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရချိန်မှာ ယူနိုက်တက်မှာ ကိုဘီ မိန်းနူး နားမှာ တွဲဖက်ကစားဖို့ ဆန်းတို့စ် နဲ့ တေးလီမန့်စ်တို့ ရှိနေပါတယ်။ တေးလီမန့်စ် နဲ့ မိန်နူး တို့ဟာ ပါးနပ်စွာ ကစားတတ်တဲ့ ကစားသမားတွေ ဖြစ်ကြပြီး၊ ဆန်းတို့စ် ကတော့ ဘောလုံးကို ဘေးကင်းစွာ ပေးပို့နိုင်သလို၊ ရိုးရိုးရှင်းရှင်းနဲ့ ခံစစ်ကို ကာကွယ်ပေးနိုင်တဲ့ ပြေးအားကောင်းသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၃ ဦးလုံးမှာ ကက်စ်မဲရိုးလိုမျိုး ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ပြတ်ပြတ်သားသား ဖျက်ဆီးနိုင်တဲ့ အရည်အသွေးမျိုးတော့ မရှိကြပါဘူး။

ဒါကြောင့် အကယ်ဒမီထွက် လူငယ်လေး တိုင်လာ ဖလက်ချာကို မသုံးမီ စတုတ္ထမြောက် ကွင်းလယ်လူ အဖြစ် မေဆန် မောင့်ကို ထည့်သွင်း စဉ်းစားလာနိုင်ပါတယ်။ အသက် ၂၇ နှစ် အရွယ် မောင့်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ အရင်ကလို နံပါတ် ၁၀ နေရာမှာ သို့မဟုတ် တောင်ပံနေရာတွေမှာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ ကွင်းလယ်နေရာ အထိ ဆင်းပြီး ကစားပြထားပါတယ်။ အတွေ့အကြုံ ရင့်ကျက်လာတဲ့ သူ့ရဲ့ အရည်အသွေးဟာ အသင်းက လိုအပ်လာရင် ကွင်းလယ်လူ အဖြစ် အမြဲတမ်း ပြောင်းလဲ ကစားဖို့ သင့်တော်ပါတယ်။ ဒါပေမယ့် အဓိက ပြဿနာ ကတော့ ဒဏ်ရာ ကင်းစင်ဖို့ပါပဲ။ သူဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ပြိုင်ပွဲစုံမှာ ၃၂ ပွဲသာ ပွဲထွက်ရသေးပြီး ဒဏ်ရာကြောင့် ရက်ပေါင်း ၃၉၄ ရက်အထိ အနားယူခဲ့ရသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်