မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက ဘန်လေကို ၀-၁ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရသွားခဲ့ပါတယ်။ အာလင်း ဟာလန်းရဲ့ ပွဲအစ ၅ မိနစ်မှာတင် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးက မန်ချက်စတာစီးတီးကို အနိုင်ရစေခဲ့ပြီး အာဆင်နယ်ကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်စေခဲ့ပါတယ်။
စကော့တ် ပါကားရဲ့ ဘန်လေကို တန်းဆင်းသွားစေခဲ့တဲ့ ဒီနိုင်ပွဲဟာ မန်ချက်စတာစီးတီး အတွက် ဩဂုတ်လ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဇယားထိပ်ကို ပြန်လည် ရောက်ရှိစေခဲ့တာလည်း ဖြစ်ပါတယ်။ ဇယားထိပ်က အသင်းနဲ့ ဇယား အောက်ခြေက အသင်း အတွက် အရေးပါတဲ့ အခုပွဲစဉ်မှာ မန်စီးတီးဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲအပြီး ဟာလန်းရဲ့ အဆုံးသတ်ဂိုးနဲ့ အတူ နောက်ထပ် နိုင်ပွဲ တစ်ခု ထပ်မံ ရယူနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဂိုးကွာခြားချက်အရ အဓိက ပြိုင်ဘက် အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အာဆင်နယ်နဲ့ ပွဲမှာလည်း အနိုင်ဂိုးသွင်းခဲ့တဲ့ ဟာလန်းဟာ ဒီပွဲမှာလည်း မန်စီးတီးကို အမြန်ဆုံး ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး အတွက် မျှော်လင့်ထားသလို ဂိုးတွေ ထပ်မံ ထပ်မံ မရရှိခဲ့ပဲ ရလဒ်ပိုင်းအရ အနည်းငယ် စိတ်ပျက်စရာ ကောင်းခဲ့သည့် တိုင်အောင် အောင်မြင်တဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။
ရေယန် ချာကီ နဲ့ ဟာလန်း တို့ရဲ့ ကန်ချက်တွေဟာ ဂိုးတိုင်ထိခဲ့သလို၊ နီကို အိုရွိုင်လီ ကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေး ၃ ကြိမ်ခန့် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် မန်စီးတီးဟာ ဇယားထိပ်မှာ ဂိုးကွာခြားချက် အနည်းငယ်နဲ့ အသာရနေခဲ့ပါတယ်။ တစ်ဖက် မှာတော့ ရှုံးနိမ့်ခဲ့တဲ့ ဘန်လေဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီပဲ ကစားခဲ့ရပြီး ချန်ပီယံရှစ်ကို ပြန်လည် တန်းဆင်းသွားဖို့ အတည်ပြုပြီးသား ဖြစ်သွားခဲ့ပါတယ်။ သူတို့ဟာ လက်ကျန် ၄ ပွဲသာ လိုတော့တဲ့ အချိန်မှာ အဆင့် ၁၇ နေရာက ဝက်စ်ဟမ်းနဲ့ ၁၃ မှတ် အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။
ဘန်လေဟာ တိုက်စစ်ပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးသမား မာတင် ဒူဘရက်ဗ်ကာရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ ဂိုးပြတ် မရှုံးခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ အာဆင်နယ်နဲ့ သွားရောက် ကစားရမယ့် ပွဲစဉ် ကျန်ရှိနေသေးတာကြောင့် ချန်ပီယံလုပွဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍ ကနေ ရှိနေပါသေးတယ်။

မန်ချက်စတာစီးတီးဟာ ရာသီအစ ပထမအပတ် ကတည်းက ပရီးမီးယားလိဂ်ကို ဦးဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရာသီအစပိုင်းမှာ လစ်ဗာပူးလ်က ဦးဆောင်ခဲ့ပြီး အာဆင်နယ် ကတော့ ရက်ပေါင်း ၂၀၁ ရက် တိတိ ဇယားထိပ်မှာ နေရာယူထားနိုင်ခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ မှာတော့ အဲဒီ ရက်ပေါင်း များစွာ ဦးဆောင်မှုဟာ အဆုံးသတ်သွားခဲ့ပါပြီ။ မန်စီးတီးဟာ အခွင့်အရေးတွေ အများကြီး ဖြုန်းတီးခဲ့တာကြောင့် ဇယားထိပ်က ရမှတ်ကွာဟချက်နဲ့ ဂိုးကွားခြားချက် ကတော့ တော်တော်လေး ကျဉ်းမြောင်းနေဆဲ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ၃.၅၄ အထိ ရှိခဲ့တဲ့ အခွင့်အရေး ၂၈ ကြိမ် ထဲ ကနေ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဘန်လေရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ဒူဘရဗ်ကာဟာ ကာကွယ်မှု ၈ ကြိမ် အထိ ပြုလုပ်ပြီး ဘန်လေကို အရှုံးမပေးဘဲ တိုက်ပွဲဝင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ဘန်လေ ဂိုးသမားရဲ့ ကြိုးစားမှုကို ကျေးဇူးတင်ရမှာ ဖြစ်ပေမယ့် မန်စီးတီး ကတော့ သူတို့ လိုချင်တဲ့ နေရာကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။
မှတ်တမ်းတွေ အရ ဆိုရင်တော့ မန်ချက်စတာစီးတီးဟာ ပွဲစဉ် ၃၃ နောက်ပိုင်း ဇယားထိပ်ကို ရောက်သွားခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရခြင်း တစ်ခါမှ မရှိဖူးသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


