နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကစားသမားတွေကို အာရုံစူးစိုက်မှု မလျော့ကျဖို့ သတိပေးလိုက်တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို အနိုင်ရရှိပြီးနောက် အသင်း ကစားသမားတွေကို အာရုံစူးစိုက်မှု မလျော့ကြဖို့ သတိပေးလိုက်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘန်လေကို အနိုင်ရရှိခဲ့ရင် မန်စီးတီးဟာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ဇယား ထိပ်ဆုံးကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ ရမှတ် ကွာဟချက်ကို ၃ မှတ် အထိ လျှော့ချနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မျှော်လင့်ချက် အားကောင်းလာခဲ့တာပါ။ မန်စီးတီးဟာ လက်ထဲမှာ ၁ ပွဲ ပိုကစားဖို့ ကျန်နေသေးတာကြောင့် ဘန်လေကို နိုင်ရင်တော့ ဇယားထိပ်ကို တက်လှမ်းနိုင်မှာပါ။

မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိထားသလို၊ တန်းတက် အသင်းသစ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂၉ ပွဲ မှာလည်း ရှုံးပွဲ မရှိ (၂၆ ပွဲ နိုင်၊ ၃ ပွဲ သရေ) ဆိုတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာ မန်စီးတီးက ကိုယ့်ကံကြမ္မာ ကိုယ်ရေးခွင့် ရှိနေပေမယ့်လည်း နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကတော့ မပေါ့ဆကြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“အာဆင်နယ်က လက်ရှိမှာ ဇယားထိပ်မှာ ရှိနေတုန်းပဲ၊ သူတို့က ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး အများဆုံးပဲ။ အာဆင်နယ်နဲ့ ပွဲက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းခဲ့ပေမယ့် ကျွန်တော် တို့မှာ ကစားဖို့ ၆ ပွဲ ကျန်ပါသေးတယ်။ ရလဒ်ကောင်းခဲ့ရင် ဒါမှမဟုတ် မကောင်းခဲ့ရင် ဘာဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ အတိအကျ သိပါတယ်။”လို့ ဂွါဒီယိုလာက ပြောပါတယ်။

မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီဟာ ပေါင်ခြံ ဒဏ်ရာကြောင့် ဘန်လေနဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာ ကတော့ ရိုဒရီရဲ့ ဒဏ်ရာဟာ သိပ်မပြင်းထန်ကြောင်းနဲ့ လာမယ့် စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် (သို့မဟုတ်) နောက် ၁၂ ရက် အကြာမှာ ကစားမယ့် အဲဗာတန်နဲ့ ပွဲမှာတော့ ပြန်လည် ပါဝင်လာနိုင်ကြောင်း ပပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ဘန်လေ ဘက်က ဇီယန် ဖလမ်းမင်းကို စောင့်ကြည့်ရမှာ ဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုးမှာ ၈ ဂိုး (၈၉ ရာခိုင်နှုန်း) ကို အဝေးကွင်းမှာ သွင်းယူထားတာပါ။
ဘန်လေနဲ့ ပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး

ဘန်လေ ကတော့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဝုဗ်နဲ့ အတူ ချန်ပီယံရှစ်ဆီ တန်းလိုက်ဆင်းရတော့မှာ ဖြစ်ပါတယ်။ ဘန်လေဟာ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ မရသေးပါဘူး။ နည်းပြ စကော့တ် ပါကား ကတော့ တန်းဆင်းရမယ့် အခြေအနေဟာ သူတို့ အသင်း အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာ ကြာပြီ ဖြစ်ကြောင်း ဝန်ခံထားပါတယ်။

ဒီပွဲမှာ ဘန်လေ ဘက်က ဇီယန် ဖလမ်းမင်းကို စောင့်ကြည့်ရမှာ ဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုးမှာ ၈ ဂိုး (၈၉ ရာခိုင်နှုန်း) ကို အဝေးကွင်းမှာ သွင်းယူထားတာပါ။ မန်ချက်စတာစီးတီး ဘက်မှာတော့ အာလင်း ဟာလန်းကို စောင့်ကြည့်ရမှာပါ။ ဟာလန်းဟာ ဘန်လေနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ ၇ ဂိုး အထိ သွင်းယူထားပါတယ်။ သူဟာ ဘန်လေနဲ့ တွေ့ရင် ပျမ်းမျှ ၃၆ မိနစ်တိုင်းမှာ ၁ ဂိုးနှုန်း သွင်းယူလေ့ ရှိပါတယ်။

မန်စီးတီးဟာ ဘန်လေနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၅ ပွဲ မှာ ၁၄ ပွဲ အထိ အနိုင်ရရှိထားပါတယ်။ ဘန်လေဟာ မန်စီးတီးကို နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပြီး ဒါဟာ သူတို့ သမိုင်းတစ်လျှောက် ပြိုင်ဘက် တစ်သင်းတည်းကို အရှည်ကြာဆုံး ရှုံးနိမ့်တဲ့ စံချိန်လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလကတည်းက စတွက်ရင် မန်စီးတီးဟာ အဝေးကွင်းမှာ ရမှတ် အများဆုံး ရထားတဲ့ အသင်း ဖြစ်ပြီး (၆ ပွဲ နိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံး)၊ တစ်ပွဲတည်းသော ရှုံးထားပြီး ဒါကလည်း မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း ဘန်လေက သူတို့ရဲ့ အိမ်ကွင်း တက်ဖ်မောမှာ နောက်ဆုံး ၁၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတာကြောင့် မန်စီးတီးကသာ အသာစီးနဲ့ အနိုင်ရသွားဖို့ ရှိနေပါတယ်။ Opta ရဲ့ တွက်ချက်မှု အရ ဒီပွဲမှာ ဘန်လေ အနိုင်ရနိုင်ခြေက ၁၃.၂ ရာခိုင်နှုန်းသာ ရှိထားပြီး မန်စီးတီး တော့ ၇၀.၃ ရာခိုင်နှုန်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်