ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့ ကလည်း ၅ ပွဲသာ လိုတော့တဲ့အချိန်မှာ ချန်ပီယံဆု အတွက် မန်စီးတီးနဲ့ အာဆင်နယ် တို့ရဲ့ ပြိုင်ဆိုင်မှုက တော်တော်လေး အရှိန်အဟုန် မြင့်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ အာဆင်နယ်ကို အက်တီဟတ်မှာ အနိုင်ရခဲ့ပြီးနောက်၊ ဘန်လေ ကိုပါ ထပ်မံ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို အနည်းငယ်သော ရမှတ် အသာစီးနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ နှစ်သင်းစလုံးဟာ ရမှတ်တူနေကြပြီး အကယ်၍ ကျန်ရှိနေတဲ့ ပွဲစဉ်အားလုံး ကိုသာ အနိုင်ရခဲ့မယ် ဆိုရင် နှစ်သင်းစလုံးဟာ ရမှတ် ၈၅ မှတ်စီနဲ့ ရာသီသိမ်းကြမှာပါ။ အကယ်၍ အမှတ်ပေးဇယားမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ရမှတ် တူနေခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာ စဉ်းစားစရာ ရှိလာပါတယ်။
၁။ ဂိုးကွာခြားချက်
ရမှတ် တူနေတဲ့ နှစ်သင်းကို ခွဲခြားဖို့ အတွက် ပထမဆုံး ကြည့်ရမယ့် အချက် ကတော့ ဂိုးကွာခြားချက် (သွင်းဂိုး စုစုပေါင်းထဲက ပေးဂိုး စုစုပေါင်းကို နှုတ်ခြင်း) ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ ထူးခြားစွာပဲ နှစ်သင်းစလုံးဟာ ဂိုးကွာခြားချက် +၃၇ စီနဲ့ တူညီနေကြပါတယ်။ လက်ကျန် ပွဲစဉ် နည်းပါးလာတာနဲ့ အမျှ တစ်သင်းနဲ့ တစ်သင်း အပြတ်အသတ် ရမှတ်ခွာနိုင်ဖို့ အချိန် နည်းပါးနေတာကြောင့် ဂိုးကွာခြားချက်ပါ တူညီစွာနဲ့ ရာသီသိမ်းဖို့ အလားအလာ ရှိနေပါတယ်။
၂။ ရဂိုး စုစုပေါင်း

အကယ်၍ ရမှတ်ရော၊ ဂိုးကွာခြားချက်ပါ တူညီနေခဲ့ရင်တော့ ရာသီ တစ်ခုလုံးမှာ သွင်းယူခဲ့တဲ့ ရဂိုး စုစုပေါင်းကို ကြည့်ပြီး ဆုံးဖြတ်မှာပါ။ ဒီနေရာ မှာလည်း နှစ်သင်းစလုံးဟာ အလွန် နီးစပ်နေပါတယ်။ မန်စီးတီးက ၃၃ ပွဲမှာ ၆၆ ဂိုး သွင်းထားပြီး အာဆင်နယ်က ၃၃ ပွဲမှာ ၆၃ ဂိုး သွင်းထားတာကြောင့် မန်စီးတီးက ၃ ဂိုး အသာရနေပါတယ်။
၃။ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း
အကယ်၍ အထက်ပါ အချက် နှစ်ချက်လုံးနဲ့မှ ခွဲခြားလို့ မရသေးဘူး ဆိုရင်တော့ အဲဒီ နှစ်သင်း အကြား ကစားခဲ့တဲ့ ထိပ်တိုက် တွေ့ဆုံမှု မှတ်တမ်းကို ကြည့်ရမှာပါ။ ဒီရာသီမှာ နှစ်သင်းစလုံး အပြန်အလှန် ကစားပြီးသွားပြီ ဖြစ်လို့ ဒီအချက် မှာတော့ အဖြေထွက်ပြီးသားပါ။ စက်တင်ဘာလက အမ်းမရိတ်စ်မှာ ၁-၁ နဲ့ သရေကျခဲ့ပြီး အီတီဟတ် မှာတော့ မန်စီးတီးက ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ထိပ်တိုက် တွေ့ဆုံမှုမှာ မန်စီးတီး က အသာရထားပါတယ်။
၄။ ထိပ်တိုက်တွေ့ဆုံမှု အတွင်း အဝေးဂိုး
အကယ်၍ ထိပ်တိုက် တွေ့ဆုံမှုမှာပါ ထပ်ပြီး တူနေဦးမယ် ဆိုရင်တော့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတွေမှာ သွင်းယူခဲ့တဲ့ အဝေးဂိုးကို ကြည့်မှာပါ။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ မှာတော့ မန်စီးတီးက ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရပြီးသားမို့ ဒီအဆင့်ထိ ရောက်နိုင်တဲ့ အခြေအနေ မဟုတ်တော့ပါဘူး။
၅။ ပလေးအော့ဖ် ပွဲစဉ်
အကယ်၍ အထက်ပါ အချက်အားလုံး တူညီနေပြီး လုံးဝ ခွဲခြားလို့ မရတော့ဘူး ဆိုရင်တော့ ကြားကွင်း တစ်ခုမှာ ချန်ပီယံဆု အတွက် ဗိုလ်လုပွဲ (ပလေးအော့ဖ်) တစ်ပွဲ ကစားစေမှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ အခုလို ပလေးအော့ဖ် ကစားပြီး ချန်ပီယံဆု အတွက် ဆုံးဖြတ်ခဲ့ရတာမျိုး တစ်ခါမှ မရှိသေးပါဘူး။
ဒီတော့ အကျဉ်းချုပ် အနေနဲ့ ဆိုရင်တော့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ ရဂိုးတူ ဖြစ်ခဲ့ရင်တောင် ဒီရာသီ ထိပ်တိုက်တွေ့ဆုံမှုအရ အသာရထားတဲ့ မန်ချက်စတာစီးတီး ကပဲ ချန်ပီယံ ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


