မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ရမှတ် ကွာဟချက်ကို ၃ မှတ် အထိ လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အတွင်း အင်္ဂလန် ထိပ်သီးလိဂ်မှာ ကြုံခဲလှတဲ့ ‘ချန်ပီယံ အဆုံးအဖြတ်ပွဲ’ အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီပွဲမှာ မန်စီးတီးတို့ နိုင်ပွဲ ရမှသာ ကျိန်းသေပေါက် အခွင့်အရေး ရမှာ ဖြစ်သလို အကယ်၍ အာဆင်နယ်သာ ရလဒ်ကောင်းခဲ့ရင် လွန်ခဲ့သော ၂၂ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာလင်း ဟာလန်းရဲ့ ဒုတိယပိုင်း အနိုင်ဂိုးက ဂန်းနားတွေရဲ့ မျှော်လင့်ချက်ကို ဟန့်တားနိုင်ခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ မန်စီးတီးက အနည်းငယ် အသာရသွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲမှာ ၉ ရာသီ အတွင်း ၇ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို အရယူဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးကို အကြိတ်အနယ် တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ အစဉ်အလာအရ ဒီနှစ်သင်း တွေ့ဆုံမှုတွေတိုင်း ငြီးငွေ့ဖွယ် ကောင်းတတ်ပေမယ့်လည်း အခုပွဲ အဆင့်အတန်း မြင့်မားပြီး နောက်ဆုံး မိနစ် အထိ ရလဒ်မှန်းဆရ ခက်တဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
၁။ အမှားကြီး ကနေ ပြန်လည် အဖတ်ဆည်နိုင်ခဲ့တဲ့ ဒွန်နာရမ်းမား
ဒုတိယပိုင်း အစမှာ မန်စီးတီး ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားဟာ ပရိသတ်များကို တောင်းပန်တဲ့ အနေနဲ့ လက်မြှောက်ပြခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အမှားတစ်ခုကြောင့် အာဆင်နယ် အသင်း ချေပဂိုး ရရှိခဲ့ခြင်း အတွက် ဝန်ခံခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ ရာယန် ချာကီရဲ့ လှပသော ဂိုးသွင်းယူမှုကြောင့် မန်စီးတီးတို့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နှစ်မိနစ် အကြာမှာ ဒွန်နာရမ်းမားရဲ့ တုံ့ဆိုင်းမှုက တဆင့် ကိုင် ဟာဗက်ဇ်က အာဆင်နယ် အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒွန်နာရမ်းမားက အဲဒီအမှားနဲ့ နစ်မွန်းမနေဘဲ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ သူဟာ နီကို အိုရွိုင်လီ ဆီကို လက်ပစ်ဘော အမြန်ပေးပို့ကာ အနိုင်ဂိုး ရရှိမယ့် အစပျိုးမှုကို ဖန်တီးပေးခဲ့တဲ့ အပြင်၊ ပွဲချိန် မိနစ် ၆၀ ခန့်မှာ ကိုင် ဟာဗက်ဇ်ရဲ့ အပိုင်ဂိုးသွင်းခွင့်ကို အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီ ကာကွယ်မှုသာ မလုပ်နိုင်ခဲ့ရင် ဒီပွဲ ရလဒ်က အာဆင်နယ် ဘက်ကို ယိမ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
၂။ မန်စီးတီးရဲ့ ဝါရင့်ကစားသမားတွေ အစွမ်းပြခဲ့ခြင်း
၉ နှစ်တာ ကာလ ဖြတ်သန်း အပြီးမှာ မန်စီးတီးကို နှုတ်ဆက်တော့မယ့် ဘာနာဒို ဆေးလ်ဗားဟာ သူ့ရဲ့ အောင်မြင်မှု စာရင်းထဲမှာ ပရီးမီးယားလိဂ် ဆုတံဆိပ် တစ်ခု ထပ်တိုးချင်နေသူ ဖြစ်ပါတယ်။ တစ်ချိန်က ပရိသတ် တချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပေမယ့်လည်း အခု လက်ရှိမှာတော့ ဆေးလ်ဗားက ပပ် ဂွါဒီယိုလာရဲ့ နည်းဗျူဟာ အသစ် အောက်မှာ တစ်ကျော့ပြန် ခြေစွမ်းပြနေပါတယ်။

အာဆင်နယ်ရဲ့ ဝါရင့် ကစားသမားတွေ ရုန်းကန်နေရချိန်မှာ မန်စီးတီးရဲ့ ကွင်းလယ်လူ ရိုဒရီနဲ့ ဆေးလ်ဗား တို့ကတော့ ဖိအားတွေ ကြားကနေ ပွဲကို အကောင်းဆုံး ထိန်းကြောင်းနိုင်ခဲ့ပါတယ်။ ရိုဒရီဟာ ခံစစ်ပိုင်းမှာ ၁၀ ကြိမ် အထိ ကူညီပေးနိုင်ခဲ့ပြီး ဆေးလ်ဗား ကလည်း ကွင်းလုံးအနှံ့ လှုပ်ရှား ကစားကာ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ အတွဲအဖက်ဟာ ၂၀၁၉ ခုနှစ်က လစ်ဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က အတိုင်း အဆင့်အတန်း မြင့်မားနေဆဲ ဖြစ်ပါတယ်။
၃။ ဂန်းနား တို့ရဲ့ တခြားသော နည်းလမ်းနဲ့ ဖန်တီးမှု
အာဆင်နယ်ရဲ့ တိုက်စစ် ဖန်တီးမှု အခက်အခဲတွေဟာ မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း သိသာ ထင်ရှားနေပြီး တနင်္ဂနွေနေ့ မတိုင်မီ ၁၀ ပွဲ ဆက်တိုက် Set Piece တွေ ကနေ ဂိုးမရရှိခဲ့ပါဘူး။ အာတေးတားဟာ ဒဏ်ရာ ကနေ ပြန်လာတဲ့ မာတင် အိုဒီဂတ်နဲ့ အက်ဇေး တို့ကို ပွဲထုတ်ခဲ့ပေမယ့်လည်း နှစ်ဦးစလုံး ပုံမှန် ခြေစွမ်း ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ မျှော်မှန်းဂိုး (xG) မှာ အိမ်ရှင် အသင်းထက် ပိုမိုသာလွန်ခဲ့ပါတယ်။ သူတို့ဟာ ခံစစ်ပိတ် ကစားတာထက် မန်စီးတီးကို အားပါပါ တုံ့ပြန် ကစားခဲ့ပြီး ပွဲအစပိုင်းမှာ မန်စီးတီးထက် ၈ ဆခန့် ပိုမို များပြားတဲ့ ဘောလုံးလုယူမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ အခုပွဲမှာ သရေ ၁ မှတ် အတွက် လာရောက် ကစားခြင်း မဟုတ်ကြောင်း သိသိသာသာ သက်သေပြနိုင်ခဲ့ပါတယ်။
၄။ မန်စီးတီးကို ကျော်ဖြတ်ရန် ခက်ခဲသွားခြင်း
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက အာဆင်နယ်ထက် ၁၂ မှတ် အထိ ကွာဟနေခဲ့ပေမယ့်လည်း ဘုန်းမောက်ကို အာဆင်နယ်တို့ ရှုံးခဲ့ချိန်မှာ မန်စီးတီးရဲ့ ချန်ပီယံလုမယ့် အစီအစဉ်ကို ပြန်လည် ပွင့်လန်းသွားစေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ချန်ပီယံဆု ကံကြမ္မာဟာ မန်စီးတီးရဲ့ လက်ထဲကို ပြန်လည် ရောက်ရှိသွားပြီလည်း ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့တွင် ဘန်လေကို အနိုင်ရရှိခဲ့ရင် မန်စီးတီးဟာ ဩဂုတ်လ နောက်ပိုင်း ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ဇယားထိပ်ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ရှေ့မှာ ခက်ခဲတဲ့ ပွဲစဉ်တွေ ကစားဖို့ ကျန်ရှိနေသေးပေမယ့်လည်း မန်စီးတီးရဲ့ လက်ရှိ ခြေစွမ်းအရ ရှုံးနိမ့်ဖို့ ခက်ပါတယ်။ အာဆင်နယ် ကလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပေမပယ့်လည်း ဒီပွဲဟာ သူတို့ အတွက် နောက်ဆုံး အခွင့်အရေးကို လက်လွတ်လိုက်ရသလို ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း အက်တလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တာကြောင့် အာဆင်နယ် အတွက် ဖိအားတွေ တိုးလာနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


