ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ မှာတော့ ဘရိုက်တန်က အိမ်ကွင်း American Express မှာ နည်းပြ လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးကို ၃-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘရိုက်တန်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် လုံးဝ နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစလို့ ၃ မိနစ် အကြာ မှာတင် ဘရိုက်တန်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ထောင့်ကန်ဘောက တစ်ဆင့် ရလာတဲ့ ဘောလုံးကို ဖာဒီ ကာဒီယိုဂလူက ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီး နောက်ခံလူ ဖိုဖာနာနဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။ အဲဒီနောက် ၅၆ မိနစ် မှာတော့ ဘရိုက်တန် အတွက် ဒုတိယဂိုးကို ဂျက် ဟင်ရှဲလ်ဝုဒ်က သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင် အချိန်ပို ၁ မိနစ် မှာတော့ လူစားဝင် ကစားသမား ဒန်နီ ဝဲလ်ဘတ်က ဘရိုက်တန် အတွက် တတိယမြောက် အပိတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ချဲလ်ဆီးဟာ အဆင့် ၅ နေရာက လစ်ဗာပူးလ်နဲ့ ၇ မှတ် အထိ ကွာဟသွားပြီး ကစားဖို့ ၄ ပွဲ (၁၂ မှတ်) သာ ကျန်တော့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မဖြစ်နိုင်တော့သလောက် ရှိနေပါတယ်။ ဘရိုက်တန် ကတော့ အဆင့် ၆ နေရာကို တက်လှမ်းလာပြီး ဥရောပ ဝင်ခွင့် အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ချဲလ်ဆီး အတွက်တော့ ဒီပွဲမှာ တော်တော်လေး အရှက်ရစရာ ကောင်းတဲ့ မှတ်တမ်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကလပ် သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက် ရှုံးနိမ့်တာဟာ ၁၉၉၃-၁၉၉၄ ရာသီ နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ၅ ပွဲ ဆက်တိုက် တစ်ဂိုးမှ မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့တာ ကတော့ ၁၉၁၂ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးဟာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့သလို၊ မျှော်မှန်းဂိုး (xG) ၀.၃၈ သာ ရှိခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းက မျှော်မှန်းဂိုး (xG) ၀.၀၄ ဟာ နည်းပြဟောင်း အန်ဇို မာရက်စကာ လက်ထက်ကထက် ပိုမိုညံ့ဖျင်းတဲ့ စံချိန်ဖြစ်ပါတယ်။ နောက်ဆုံး ၉ ပွဲမှာ ချဲလ်ဆီးဟာ ၅ မှတ်သာ ရရှိထားပြီး၊ ဒါဟာ တန်းဆင်းဖို့ ရေပန်းစားနေတဲ့ တော့တင်ဟမ်ဟော့စပါး (၂ မှတ်) ပြီးရင် လိဂ် အတွင်း အနည်းဆုံး ဖြစ်ပါတယ်။ တဖက် မှာတော့ ဘရိုက်တန်က ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
လက်ရှိမှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရှိနေပေမယ့်လည်း အကယ်၍ လာမယ့် ပွဲစဉ်တွေမှာ ဘရန့်ဖို့ဒ်၊ ဘုန်းမောက်၊ အဲဗာတန်နဲ့ ဆန်းဒါးလန်း တို့သာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် အခုထက် အဆင့် ပိုကျသွားနိုင်ခြေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် ချဲလ်ဆီးတို့ လက်ကျန် ပွဲစဉ် ၄ ပွဲမှာ ဖောရက်စ်၊ လစ်ဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ ဆန်းဒါးလန်း တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဒီအခြေအနေအတိုင်းသာ ရှေ့ဆက်နေဦးမယ် ဆိုရင်တော့ လီယမ် ရိုစီနီယာရဲ့ အသင်းက လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲ အားလုံးနဲ့ လွဲချော်တော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


