ဘရိုက်တန် – ချဲလ်ဆီး
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ တစ်မှတ်သာ ကွာဟနေတဲ့ ဒီနှစ်သင်းရဲ့ အားပြိုင်မှု ကလည်း ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ဂိုးမသွင်းနိုင်ပဲ ရှုံးထားတဲ့ ချဲလ်ဆီးတို့ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေတဲ့ ဘရိုက်တန်ကို Amex Stadium မှာ ဘယ်လို ပုံစံနဲ့ ရင်ဆိုင်သွားမလဲ ဆိုတာ ကတော့ စိတ်ဝင်စားစရာပါပဲ။
ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ဟာ မှေးမှိန်သွားခဲ့ရသလို၊ ဘရိုက်တန် ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ၂-၂ သရေကျအောင် ကစားနိုင်ခဲ့တာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ချဲလ်ဆီး
ချဲလ်ဆီး အတွက်တော့ ဒီတစ်ပတ် တောင်ဘက် ကမ်းခြေ ခရီးစဉ် မှာသာ ရလဒ် မကောင်းခဲ့ရင် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးဟာ လုံးဝ အဆုံးသတ်သွားနိုင်ပါတယ်။ နည်းပြသစ်နဲ့ အစပိုင်းမှာ ရလဒ်ကောင်းခဲ့ပေမယ့် အခုတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် မှတ်တမ်းဆိုးဝင်ထားပါတယ်။ ဒါ့အပြင် စနေနေ့ညက ပွဲစဉ် မှာလည်း မားသီးယပ်စ် ကူညာ ရဲ့ သွင်းဂိုးကြောင့် ချဲလ်ဆီးတို့ စိတ်ပျက်စရာ ရှုံးနိမ့်မှုကို ထပ်မံကြုံတွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး အဲဒီရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ပေါ့တ်ဗေးလ်ကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာသာ ဂိုးတွေ ဖောချင်းသောချင်း ရခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်

ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ရုန်းကန်နေရဆဲ ဖြစ်သလို တဖက်က ဘရိုက်တန် အနေနဲ့လည်း ဥရောပ အဆင့်မြင့် ပြိုင်ပွဲကို ဝင်ခွင့်ရဖို့ အိမ်မက်မက်ခွင့် ရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်ဟာ သူတို့ကို ဥရောပ ပြိုင်ပွဲ ဝင်နိုင်အောင် ပထမဆုံး စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီရဲ့ စပါးကို အကြိတ်အနယ် ကစားပြီး သရေ တစ်မှတ် ယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်က ဘရိုက်တန် အတွက် ပရီးမီးယားလိဂ် ထိပ်သီး ၇ သင်း စာရင်းဝင်ဖို့ မျှော်လင့်ချက် ပိုအားကောင်းလာစေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာ ဘရိုက်တန်၊ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ် နဲ့ ဘုန်းမောက် အသင်းတွေ ကြားမှာ ၁ မှတ်စီသာ ကွာဟနေပြီး ဥရောပ ဝင်ခွင့် အတွက် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေကြပါတယ်။ ဖေဘီယန် ဟာဇယ်လာ ရဲ့ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ တပတ်က စပါးနဲ့ သရေမကျခင် အထိ ၃ ပွဲ ဆက်တိုက် နိုင်ပွဲရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘရိုက်တန် ဘက်က ဝက်ဘ်စတား၊ ဂိုးမက်ဇ်၊ မီလ်နာနဲ့ ဇီမက်စ်တို့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ ဂျော်ဂျန်ဆန် (မသေချာ)၊ ကိုးလ်ဝဲလ်၊ ဂျိမ်းစ် (မသေချာ)၊ အက်စတီဗာအို၊ ဂစ်တန်စ်နဲ့ ပက်ဒရို (မသေချာ) တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ ကာဒီယိုဂလူ၊ ဂရော့စ်၊ အယာရီ၊ မင်တာ့ရ်၊ ရတ်တာ၊ ဒီကူ့ပါး၊ ဝဲလ်ဘက်ခ်
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဖိုဖာနာ၊ ချာလိုဘာ့၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ ပါးလ်မား၊ ပက်ဒရို၊ နတ်တို၊ ဒီလက်ပ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဘရိုက်တန်ဟာ ဒီရာသီ အစောပိုင်း အိမ်ကွင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်ဆုံး အိမ်ကွင်း ၁၀ ပွဲမှာ ၃ ပွဲသာ နိုင်ထားပါတယ်။ ဒါပေမယ့် မတ်လအတွင်း မှာတော့ လက်ရှိ ချန်ပီယံ လစ်ဗာပူးကို ၂-၁ နဲ့ အနိုင်ယူပြီး သူတို့ရဲ့ အိမ်ကွင်း ခြေစွမ်းကို ပြသထားပါတယ်။ ဒန်နီ ဝဲလ်ဘတ် ဦးဆောင်တဲ့ ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ယူခဲ့သလို၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကလည်း ၆ ရက် အတွင်း မှာတင် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချဲလ်ဆီးကို ဆက်တိုက် အနိုင်ယူထားခဲ့တာကြောင့် အခုဆိုရင် ချဲလ်ဆီး အပေါ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၂.၃၆ ဆ၊ ချဲလ်ဆီး နိုင်ရင် ၂.၆၂ ဆ၊ သရေ ဆိုရင်တော့ ၃.၃၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘရိုက်တန် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ဧည့်သည် ချဲလ်ဆီး အသင်းဟာ ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေဆဲဖြစ်သလို၊ ကလပ် အသင်းနဲ့ ပရိသတ်တွေ အကြား ဆက်ဆံရေး ကလည်း အတော်လေးကို အခြေအနေ ဆိုးရွားတဲ့ ဘက်ကို ဦးတည်နေပါတယ်။ ဒီလို တင်းမာမှုတွေက ကစားသမားတွေ အပေါ်မှာပါ သက်ရောက်မှု ရှိလာနိုင်တာကြောင့် နည်းပြ ရိုစီနီယာ အနေနဲ့ ခြေစွမ်းပြနေတဲ့ အသင်းဟောင်း ဘရိုက်တန်ကွင်းဆီ ပြန်လာရတဲ့ ခရီးစဉ်ဟာ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်နဲ့ပဲ အဆုံးသတ်သွားဖို့ များနေပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၁ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


