၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ မကြာခင် မြောက်အမေရိကမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Sports Illustrated က ရွေးချယ် ဖော်ပြခဲ့တဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု (ရွှေဘောလုံးဆု) ဆွတ်ခူးနိုင်ခြေ အရှိဆုံး ကစားသမား ၁၀ ဦးကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
၁၀။ ဘရူနို ဖာနန်ဒက်စ် (ပေါ်တူဂီ)
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဂိုးတွေ ဆက်သွင်းနေဦးမှာ ဖြစ်ပေမယ့် လက်ရှိ ပေါ်တူဂီ အသင်းရဲ့ အဓိက မောင်းနှင်အား ကတော့ ဘရူနို ဖာနန်ဒက်စ် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို ချိုးဖျက်နိုင်လုနီးပါး ခြေစွမ်းပြနေတဲ့ သူ့ရဲ့ ပုံစံကောင်းတွေကြောင့် ပေါ်တူဂီသာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ရင်တော့ ဘရူနိုဟာ ရွှေဘောလုံးဆု အတွက် သေချာပေါက် ရေပန်းစားလာမှာပါ။
၉။ ရာဖင်ညာ (ဘရာဇီးလ်)
ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာနဲ့ အတူ ဖလားသုံးလုံး ရယူနိုင်ခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၆၂ ကြိမ် အထိ ရှိခဲ့တဲ့ ရာဖင်ညာဟာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ထိရောက်တဲ့ ကစားသမားပါ။ သူသာ ဘရာဇီးလ် အသင်းကို ၂၄ နှစ်အကြာမှာ ချန်ပီယံ ပြန်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ရင်တော့ ရွှေဘောလုံးဆုက သူ့အတွက် ဖြစ်လာမှာ သေချာပါတယ်။
၈။ ဗင်နီးစီးယက်စ် ဂျူနီယာ (ဘရာဇီးလ်)
နေမာကို အန်ဆယ်လော့တီက အသုံးမပြုတော့တဲ့ အခြေအနေမှာ ဗင်နီးစီးယက်စ်ဟာ ဘရာဇီးလ် အသင်းရဲ့ အဓိက မျှော်လင့်ချက် ဖြစ်လာပါတယ်။ ရီးရဲလ်မက်ဒရစ် မှာတော့ အမ်ဘာပေး ရောက်လာလို့ ဗင်နီရဲ့ တောက်ပမှု အနည်းငယ် လျော့သွားသယောင် ရှိခဲ့တာပါ။ ဒါပေမယ့် အရေးကြီး ပွဲတွေမှာ ဂိုးသွင်းတတ်တဲ့ သူ့ရဲ့ အရည်အချင်းက ကမ္ဘာ့ဖလား မှာ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။
၇။ ကီလီယန် အမ်ဘာပေး (ပြင်သစ်)
ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ကို ချိုးဖျက်ဖို့ နီးစပ်နေတဲ့ အမ်ဘာပေးဟာ ရွှေဖိနပ်ဆု (Golden Boot) အတွက် ပိုပြီး ရေပန်းစားပါတယ်။ ဒါပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းမှာ ကြယ်ပွင့်ကစားသမားတွေ များလွန်းတာကြောင့် သူဟာ ဂိုးသွင်းတာထက် ဂိုးဖန်တီးမှု အပိုင်းမှာ ပိုပြီး အားစိုက်လာရနိုင်ပါတယ်။
၆။ ရာယန် ချာကီ (ပြင်သစ်)
မန်စီးတီးရဲ့ ဖလားသုံးလုံး မျှော်လင့်ချက်ကို ဦးဆောင်နေတဲ့ ဒီလူငယ်လေးကို ကြည့်ရတာ တော်တော်လေး ရင်ခုန်ဖို့ ကောင်းနေတာ အမှန်ပါ။ ပွဲကို အစအဆုံး မစိုးမိုးနိုင်ရင်တောင် သူကစားတဲ့ ခဏတာ အတွင်းမှာ မှော်ဆန်တဲ့ အလှည့်အပြောင်းတွေကို ဖန်တီးနိုင်စွမ်း ရှိပါတယ်။
၅။ အူစမန်နီ ဒမ်ဘီလီ (ပြင်သစ်)
လက်ရှိ ဘယ်လွန်ဒေါဆုရှင် ဖြစ်တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမယ့် အခုအချိန် မှာတော့ အကောင်းဆုံး ပုံစံကို ပြန်ရနေပါပြီ။ ခြေနှစ်ဖက်စလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ပြင်သစ်အတွက် အဓိက လက်နက် ဖြစ်လာမှာပါ။
၄။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)
အသက်အရွယ် ရလာပြီ ဖြစ်ပေမယ့် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အဆင့်မှာ ရှိနေဆဲပါ။ အာဂျင်တီးနား အသင်းက သူ့အပေါ်မှာပဲ အလုံးစုံ မှီခိုနေတာမျိုး မဟုတ်တော့ပေမယ့် မက်ဆီသာ ပါဝင်လာခဲ့ရင် သူဟာ တတိယမြောက် ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။
၃။ ဟယ်ရီကိန်း (အင်္ဂလန်)
လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ ဆိုရမယ့် ဟယ်ရီကိန်းဟာ ဂိုးသွင်းတာတင်မကဘဲ ဂိုးဖန်တီးမှု အပိုင်း မှာပါ ထူးချွန်လာတာကြောင့် ရွှေဘောလုံးဆု အတွက် ထိပ်ဆုံး နေရာ ကနေ ပါဝင်နေပါတယ်။ အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုဟာ ကိန်းရဲ့ ကြံ့ခိုင်မှု အပေါ်မှာ အများကြီး မူတည်နေပါတယ်။
၂။ မိုက်ကယ် အိုလီဆေး (ပြင်သစ်)
မိုက်ကယ် အိုလီဆေးဟာ လက်ရှိ ကမ္ဘာပေါ်က ခြေစွမ်းအပြနိုင်ဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ပြင်သစ် အသင်းရဲ့ နံပါတ် ၁၀ နေရာမှာ ကစားရင်း အမ်ဘာပေးနဲ့ ဒမ်ဘီလီ တို့ကို ဂိုးဖန်တီးပေးရမယ့် သူ့ရဲ့ အခန်းကဏ္ဍဟာ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သူ့ရဲ့ လှပတဲ့ ကစားဟန်က ပရိသတ်နဲ့ မဲပေးသူတွေကို ဖမ်းစားနိုင်စွမ်း ရှိနေပါလိမ့်မယ်။
၁။ လာမင်း ယာမယ် (စပိန်)

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးပေမယ့် ယာမယ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၁၉၅၈ ကမ္ဘာ့ဖလားက ပီလီလိုမျိုး ဆယ်ကျော်သက် အရွယ်မှာပဲ ပြိုင်ပွဲ တစ်ခုလုံးကို စိုးမိုးနိုင်စွမ်း ရှိပါတယ်။ ဥရောပ ချန်ပီယံ စပိန် အသင်းရဲ့ အဓိက မောင်းနှင်အား ဖြစ်တဲ့ ယာမယ်ဟာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား မှာတင် ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်ခြေ အရှိဆုံးသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


