နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘယ်လီဘာ့ကို ဆက်လက် စိတ်ဝင်စားနေတဲ့ ယူနိုက်တက်၊ အာဒါ ဂူလာကို ဒီနွေမှာ အပြီးသတ် ခေါ်ယူချင်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေက အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို လာမယ့် နွေရာသီမှာ ဘယ်လိုစျေးနှုန်းနဲ့မှ ရောင်းချဖို့ ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း အသိပေးထားပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာကို ဆက်လက် စိတ်ဝင်စားနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက တန်ကြေးထက် နှစ်ဆ မြင့်မားခဲ့တဲ့ ဒီကစားသမား အတွက် ပေါင် သန်း ၅၀ သန်း ဝန်းကျင်ဟာ သင့်တော်တဲ့ စျေးနှုန်းလို့ ယူနိုက်တက်က ယူဆနေပါတယ်။ 

လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အောရီလီယန် ချူအာမေနီကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်နေပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်လည်း ဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် အာဒါ ဂူလာရဲ့ ကိုယ်စားလှယ်တွေနဲ့ ထပ်မံ ဆက်သွယ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နွေရာသီမှာ အပြီးသတ် ခေါ်ချင်ပေမဲ့ ဂူလာ ကတော့ မက်ဒရစ် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း တုန့်ပြန်ထားပါတယ်။ 

မန်စီးတီး ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ နယူးကာဆယ်နဲ့ စပါး တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ 

လစ်ဗာပူးလ် ကွင်းလယ်လူ ကာတစ် ဂျုန်းစ်ဟာ အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။ အက်စတွန်ဗီလာက သူ့ကို အလိုရှိနေသလို၊ စပါး ကလည်း ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဘူး ဆိုရင် သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းလာမှာပါ။ 

အေစီမီလန် တိုက်စစ် ကစားသမား ရာဖေးလ် လီယာအို အတွက် အသင်းကြီးတွေ အကြား အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဟာ လစ်ဗာပူးလ်၊ မန်စီးတီး၊ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

စပို့တင်းလစ္စဘွန်း နောက်ခံလူ ဂွန်ဆာလို အင်နာစီယိုဟာ ချဲလ်ဆီးရဲ့ နွေရာသီ အဓိက ပစ်မှတ် ဖြစ်လာပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်၊ ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ 

အသက် ၂၁ နှစ်အရွယ် ကလပ် ဘရုဂေးရဲ့ ဘယ်နောက်ခံလူ ဂျိုအာကင် ဆေးစ်ကို အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ ယူနိုက်တက် တို့က ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ 

မန်စီးတီး ကနေ ထွက်ခွာတော့မယ့် ဘာနာဒို ဆေးလ်ဗားရဲ့ ကိုယ်စားလှယ်တွေဟာ အသင်းသစ် ရှာဖွေနေပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ ဆက်သွယ်မှုတွေ ရှိနေပြီး လန်ဒန် ကလပ် နှစ်ခု စလုံးက စိတ်ဝင်စားနေပါတယ်။ 

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နွေရာသီမှာ အပြီးသတ် ခေါ်ချင်ပေမဲ့ ဂူလာ ကတော့ မက်ဒရစ် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း တုန့်ပြန်ထားပါတယ်။
ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်လက် ကစားချင်နေတဲ့ အာဒါ ဂူလာ

ဂိုးသမား လူနင်ဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမယ့် စာရင်းထဲ ပါဝင်လာပါတယ်။ သူ့အပြင် ကာဗာဟယ်၊ အလာဘာ၊ ကာမာဗင်ဂါ၊ ဆယ်ဘာယော့စ် အပါအဝင် ကစားသမား အများအပြား ထွက်ခွာရဖွယ် ရှိနေပါတယ်။ 

ပထမရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဗဟိုနောက်ခံလူ ဒင်းန် ဟောက်ဆန်ကို ရောင်းချဖို့ ရီးရဲလ်မက်ဒရစ်က လမ်းဖွင့်ထားပါတယ်။ 

ဘာစီလိုနာဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ယန် ဒီယိုမန်ဒီကို စိတ်ဝင်စားမှု ရပ်ဆိုင်းလိုက်ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် တခြား ကစားသမားတွေကို ပြောင်းလဲ ရှာဖွေနေပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်က အင်တာမီလန်ရဲ့ နီကိုလို ဘာရယ်လာကို ပိုသဘောကျသွားမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် သူ့ကို ရီးရဲလ်မက်ဒရစ်ဆီ အရောက်ပို့ပေးဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းထားပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်က သူ့ကို မရောင်းနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်မှသာ စဉ်းစားမယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ကို ပြန်လည် စိတ်ဝင်စားလာပါတယ်။ သူဟာ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ခြေ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်