နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုရက်ဇ်ကာနဲ့ သတင်းတွေ ထွက်လာတဲ့ စပါး၊ ဘယ်လီဘာ့ကို ရောင်းထုတ်ချင်နေပြီ ဖြစ်တဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၈ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျာမန် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာနဲ့ ဘေယန်မြူးနစ်တို့ အကြားမှာ ဆက်ဆံရေး လုံးဝပျက်ပြားသွားခဲ့ကြောင်း သိရပါတယ်။ ဒီအခြေအနေကို ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးက အခွင့်အရေး ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ 

လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလ မှာတော့ ရီးရဲလ်မက်ဒရစ်က ကိုဘီ မိန်းနူးရဲ့ အပြောင်းအရွှေ့ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ကတော့ အိုးထရက်ဖို့ဒ်မှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေပြီး ယူနိုက်တက် ဘက်ကတော့ လာမယ့် နှစ်မှ ယူရို သန်း ၉၀ (ပေါင် ၇၈.၉ သန်း၊ ဒေါ်လာ ၁၀၅.၈ သန်း) နဲ့ လက်လွှတ်ချင်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ ဂျူဗင်တပ်စ်ရဲ့ ယူရို ၁၀၀ သန်း (ပေါင် ၈၇.၆ သန်း၊ ဒေါ်လာ ၁၁၇.၆ သန်း) တန်ကြေး သတ်မှတ်ခံထားရတဲ့ တောင်ပံ ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ မျှော်လင့်ချက် ရှိနေကြောင် သိရပါတယ်။ ဒါပေမယ့်လည်း တူရကီ တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေကြောင်း သိရပါတယ်။

ချဲလ်ဆီး ကလည်း ယီလ်ဒစ်ဇ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ခဲ့ပြီး ဂျူဗင်တပ်စ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားနဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း စဉ်းစားနေကြောင်း CaughtOffside က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ရဲ့ ရေရှည် ပစ်မှတ် ကားလို့စ် ဘယ်လီဘာ့ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ သူတို့ လိုချင်တဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုမျိုး ရရှိရင်တော့ ဇန်နဝါရီမှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘယ်လီဘာ့ အတွက် ပေါင် ၁၀၀ သန်း (ဒေါ်လာ ၁၃၄.၂ သန်း) လိုချင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ရဲ့ ရေရှည် ပစ်မှတ် ကားလို့စ် ဘယ်လီဘာ့ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။
ဘယ်လီဘာ့ကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ဘရိုက်တန်

ခရစ္စတယ်ပဲလေ့စ် ကတော့ ကိုလံဘီယာ တောင်ပံ ကစားသမား ဒန်နီရယ် မူနော့ဇ်ကို ရောင်းထုတ်ရဖို့ ရှိနေပြီး ဘေယန်မြူးနစ်က ညာနောက်ခံလူ ဆာချာ ဘိုရေးနဲ့ ပြန်လည် အစားထိုးဖို့ စဉ်းစားနေပါတယ်။ မူနော့ဇ်ကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးက အလားအလာ ရှိတဲ့ ပစ်မှတ်တွေ အဖြစ် ရေပန်းစားလျက် ရှိနေကြောင်း Sky Sport Switzerland က ဖော်ပြပါတယ်။

မကြာသေးမီက ပေါက်ကွဲထွက်လာတဲ့ မှတ်ချက်ပေး ပြောစကားတွေကြောင့် ဘေယန်မြူးနစ်က ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိလာခဲ့ကြောင်း သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေ ကတော့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် အတွက် ယူရို ၅၀ သန်း (ပေါင် ၄၃.၈ သန်း၊ ဒေါ်လာ ၅၈.၈ သန်း)နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း Fichajes က ဖော်ပြပါတယ်။

မာ့ခ် ဂူဟီ ကတော့ မကြာခင်မှာ အလွတ်အေးဂျင့် ဖြစ်လာတော့မှာ ဖြစ်လို့ သူ့ရဲ့ စိတ်ကြိုက် အသင်းကို ရွေးချယ်ခွင့် ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေကြောင့် ဂူဟီက လာမယ့် ဇန်နဝါရီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ဖွယ် ရှိနေပါတယ်။

စီးရီးအေ ကလပ် ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန် ကိုတော့ ဖူလ်ဟမ်က အံ့အားသင့်ဖွယ် ခေါ်ယူချင်နေကြောင်း သိရပါတယ်။ အီတလီ တိုက်စစ်မှူးရဲ့ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတဲ့ လားရာ တစ်ခုက ဆော်ဒီပရိုလိဂ် ဖြစ်ကြောင်း Sky Sport Switzerland က ဖော်ပြပါတယ်။

နစ်ကလက်စ် ဖူးလ်ခရက်ဂ်ျ ကတော့ လာမယ့် ဇန်နဝါရီမှာ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ တွန်းအားပေးနေပါတယ်။ လက်ရှိ မှာတော့ အေစီမီလန်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ အကြား အငှားစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်