ပရီးမီးယားလိဂ်နဲ့ အာဆင်နယ်ရဲ့ ဂန္ထဝင် တိုက်စစ်မှူးကြီး သီဟာရီ အွန်နရီ ကတော့ မီခဲလ် အာတေးတား အနေနဲ့ ဒဏ်ရာပြဿနာတွေကို အကြောင်းပြချက် ပေးလို့ မရတော့ကြောင်း သတိပေးလိုက်ပါတယ်။ ဒါ့အပြင် အွန်နရီက ဂန်းနားတွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကျိန်းသေပေါက် ဗိုလ်စွဲအောင် ကြိုးပမ်းရမယ်လို့လည်း တွန်းအားပေးသွားခဲ့ပါတယ်။
လက်တလောမှာ အာဆင်နယ်က မန်စီးတီးကို ၂ မှတ် ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အာဆင်နယ်ဟာ အစောပိုင်းမှာ အဓိက ပြိုင်ဘက်တွေကို ရမှတ် တော်တော်များများ ဖြတ်ထားနိုင်ခဲ့ပေမယ့် ဆောင်းရာသီ ရောက်လာချိန်မှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရပြီး ရလဒ်ပိုင်း သိသိသာသာ ယိမ်းယိုင်လာတာ ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ်နဲ့ ဒဏ်ရာရ ကစားသမား စာရင်း မှာတော့ ဘန်ဝှိုက်၊ မော့စ်ကွယ်ရာ၊ ဂါဘရီရယ်၊ မက်စ် ဒေါင်းမန်း၊ ကိုင် ဟာဗက်ဇ် တို့ ရှိနေပါတယ်။ ကိုင်ဟာဗက်ဇ် ဆိုရင် လာမယ့် ပွဲစဉ်တွေမှာ ပြန်လည် ပါဝင်လာဖို့ နီးစပ်ခဲ့ပေမယ့် အခုတော့ နောက်ထပ် တစ်လလောက် အနားယူရဖို့ ရှိသွားခဲ့ပြန်ကြောင်း သိရပါတယ်။
ဒါပေမယ့်လည်း သီဟာရီ အွန်နရီ ကတော့ “ဒဏ်ရာပြဿနာတွေ၊ ပွဲဆက် များမှုတွေကို အကြောင်းပြချက်ပေးနေလို့ မရပါဘူး။ အသင်းတိုင်းက ပြဿနာ ကိုယ်စီ ရှိကြတာပါလေ။ ရာသီကုန်မှာ ဘယ်အသင်း ဘယ်လိုအဆင့်မျိုးနဲ့ အဆုံးသတ်နိုင်မလဲဆိုတာပဲ စောင့်ကြည့်ရမှာပါ။ ရာသီ စတင်ချိန်ကတည်းက အခုအထိ ကျွန်တော့် သဘောထားက မပြောင်းလဲဘဲ ကျွန်တော်တို့ အသင်း ဒီနှစ် ပရီးမီးယားလိဂ်မှာ မဖြစ်မနေ ဗိုလ်စွဲဖို့ လိုအပ်နေပါပြီ။ ဒဏ်ရာပြဿနာတွေနဲ့ အမြဲလိုလို ရင်ဆိုင်ရမှာ ဖြစ်သလို ကိုယ်ဖြစ်ချင်တဲ့ အတိုင်း ဖြစ်မလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒါတွေကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်ရမလဲ ဆိုတာက အရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အွန်နရီ ကတော့ အာဆင်နယ်နဲ့ အတူ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီတုန်းက အာဆင်နယ်နဲ့ အတူ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ စံချိန်ကို ပိုင်ဆိုင်ခဲ့သူပါ။ အဲဒီနောက်ပိုင်းက စပြီး အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲတော့သလို အဓိက ပြိုင်ပွဲကြိးတွေ မှာလည်း ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ နှစ်တော်တော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း နည်းပြ မီခဲလ် အာတေးတားက အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် ဘက်ကနေ အားပေး ထောက်ခံမှုတွေ ပြုလုပ်လာခဲ့ပြန်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ဆွီဒင် တိုက်စစ်မှူးက ပြီးခဲ့တဲ့ နွေရာသီမှာ စပိုတင်းလစ္စဘွန်း ကနေ အာဆင်နယ်ကို ယူရို ၇၃ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ၁၉ ပွဲ ကစားပြီးချိန်မှာ ၆ ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးပေါက်ပျောက်နေတာလည်း ကြာနေပါပြီ။ ဒါပေမယ့်လည်း အာတေးတား ကတော့ သူ့ရဲ့ တိုက်စစ်မှူးက ဒုတိယရာသီဝက်မှာ နောက်ထပ် အဆင့် တစ်ခုကို ရောက်ရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
တစ်ဖက် မှာတော့ အာဆင်နယ်က ဘုန်းမောက် တိုက်စစ်ကစားသမား အန်တိုနီယို ဆီမီညိုကို ခေါ်ယူဖို့ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေသလို တခြားသော ပစ်မှတ် တိုက်စစ်မှူးတွေ ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ လက်ကျန် ရာသီဝက်မှာ ဗစ်တာ ယောကရက်စ်ရဲ့ ပြန်လည် တောက်ပမှုကို မျှော်လင့်နိုင်မလား ဒါမှမဟုတ် တခြားသော တိုက်စစ်မှူး တစ်ဦးဦး ကိုပဲ အားကိုးရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


