နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မာဆေးလ်ဆိုက်ဒ် ဒါဘီ နိုင်ပွဲ ရယူပေးခဲ့တဲ့ အသင်းသားတွေကို ချီးကျူးလိုက်တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဟာ လစ်ဗာပူးလ် အသင်းသားတွေ အတွက် “ ယုံကြည်နိုင်စရာ မရှိအောင် ချီးကျူးထိုက်တဲ့ ဂုဏ်ပြုမှုတစ်ခု” ဖြစ်ကြောင်း နည်းပြ အာနေး စလော့တ်က ပြောကြားလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ မနေ့ညက ပရီးမီးယားလိဂ် မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်ရဲ့ နောက်ဆုံး မိနစ်မှာ ဗန်ဒိုက်ခ်ရဲ့ အဖိုးတန် သွင်းဂိုးနဲ့ အတူ အဲဗာတန်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်ရဲ့ ကွင်းသစ် ဖြစ်တဲ့ Hill Dickinson Stadium မှာ ပထမဆုံးအကြိမ် ကစားတဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပို အနိုင်ဂိုးကြောင့် လစ်ဗာပူးလ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု အပေါ် “ ယုံကြည်နိုင်စရာ မရှိအောင် ချီးကျူးထိုက်တဲ့ ဂုဏ်ပြုမှု” ဖြစ်ကြောင်း အာနေး ဆလော့တ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လစ်ဗာပူးလ် အသင်းဟာ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အသင်းမှာ ပုံမှန် ညာနောက်ခံလူ မပါဝင်ခဲ့သလို၊ ဂိုးသမား မာမာဒက်ရှ်ဗီလီ ဒဏ်ရာရသွားတာကြောင့် တတိယ ဂိုးသမား ဖရက်ဒီ ဝုဒ်မန်းက ပွဲပြီးတဲ့ အထိ ဂိုးပေါက်ကို ကာကွယ်ခဲ့ရပါတယ်။ ဒီရာသီမှာ ပွဲပြီးခါနီး မိနစ်တွေမှာ ဂိုးတွေ ပြန်ပေးခဲ့ရတာ များနေတဲ့ လစ်ဗာပူးလ် အတွက် အခုလို နာကျင်အချိန်ပိုမှာ အနိုင်ဂိုး ပြန်လည် ရရှိခဲ့တာကြောင့် ဆလော့တ်က အတိုင်းမသိ ဝမ်းသာနေခဲ့တာပါ။

ပွဲပြီး အင်တာဗျူးမှာ အာနေး ဆလော့တ်က “ကျွန်တော်တို့ ပွဲပြီးခါနီး အချိန်ပိုမှာ ဂိုးပေးခဲ့ရတာ တော်တော်ကြာပါပြီ။ ဒါကြောင့် အချိန်ပို ပြသတဲ့ ဘုတ်ပြား တက်လာတဲ့ အချိန်မှာ ဂိုးပေးရတော့မလား ဆိုတဲ့ အတွေးမျိုး ကျွန်တော့် ဆီမှာ မရှိပါဘူး။ ကျွန်တော့် ကစားသမားတွေကို ကြည့်လိုက်တဲ့ အခါ မှာလည်း အဲဒီစိတ်မျိုး မရှိတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ ဂိုးရဖို့ ပိုပိုပြီး နီးစပ်လာနေတာကို မြင်နေရလို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီပွဲကို ချဉ်းကပ်တဲ့ နေရာမှာ ပရီးမီးယားလိဂ် ဇယား အနေအထားထက် လစ်ဗာပူးလ် အသင်းကို ဘယ်လို ကိုယ်စားပြုမလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရခဲ့တဲ့ လစ်ဗာပူးလ်

ဆက်လက်ပြီး သူက “ဒါဟာ ဒီကစားသမားတွေ အတွက် တကယ့်ကို ချီးကျူးစရာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့က ၁၅ ရက် အတွင်း ၅ ပွဲ ကစားခဲ့ရတာ ဖြစ်ပြီး ကစားသမား အများစု ကလည်း ဒီလူတွေပဲ ဖြစ်နေလို့ပါ။ ဒီလို အခြေအနေမှာ အခုလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကစားပြနိုင်တာဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်း အတွက် အကြီးမားဆုံး ချီးကျူးမှုပါပဲ။” လို့ ဆိုပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ် အသင်းဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် နောက်ဆုံး နေရာ ဖြစ်တဲ့ အဆင့် (၅) နေရာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆလော့တ် ကတော့ ကစားသမားတွေ အသင်းကို ကိုယ်စားပြု ကစားသွားပုံ အပေါ် ပိုပြီး အားရ ကျေနပ်နေပါတယ်။

“ပရီးမီးယားလိဂ် ဇယား မှာတော့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ နေရာနဲ့ အများကြီး ဝေးနေသေးတာ အမှန်ပါပဲ။ ဥရောပ ပွဲစဉ်တွေ ကစားပြီးတိုင်း အမှတ်တွေ အများကြီး လျော့ခဲ့ရတဲ့ အခြေအနေကို လက်ခံရပါမယ်။ ဒါပေမယ့် ဒီပွဲကို ချဉ်းကပ်တဲ့ နေရာမှာ ပရီးမီးယားလိဂ် ဇယား အနေအထားထက် လစ်ဗာပူးလ် အသင်းကို ဘယ်လို ကိုယ်စားပြုမလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီကလပ်ကို ကိုယ်စားပြုခွင့်ရတာဟာ အခွင့်ထူး တစ်ခု ဖြစ်ပြီး ဒီနေ့ မှာတော့ ကစားသမားတွေက အသင်း အတွက် ဘယ်လောက် အထိ အနစ်နာခံ ကစားပေးတယ် ဆိုတာ ပြသခဲ့ကြပါတယ်။ ပရိသတ်တွေ ကလည်း တစ်ရာသီလုံး အားပေးခဲ့သလို ဒီနေ့မှာလည်း အကြီးမားဆုံး ပံ့ပိုးမှုတွေ ပေးခဲ့ကြပါတယ်။”

“ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ပြီးနောက်မှာ အဲဗာတန်ရဲ့ ကွင်းသစ်မှာ ပထမဆုံးပွဲ အဖြစ် သူတို့ကို အနိုင်ယူနိုင်ခဲ့တာဟာ လစ်ဗာပူးလ် အသင်းနဲ့ ပတ်သက်သူ အားလုံး အတွက် အင်မတန် ကြီးမားတဲ့ ဂုဏ်ယူစရာ တစ်ခုပါပဲ။” လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်