လစ်ဗာပူးလ် ကတော့ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဖလော်ရီယန် ဗစ်ဇ်ကို အရောင်းစာရင်းထဲ ထည့်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေသလို လက်ရှိ မှာလည်း အလက်ဇန္တား အိဆက်ခ် ကိုလည်း ရောင်းထုတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီကစားသမား နှစ်ဦးကို ဒီနွေရာသီမှာ စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေခဲ့တာပါ။
လစ်ဗာပူးလ်ဟာ ဖလော်ရီယန် ဗစ်ဇ် အတွက် ယူရို ၁၂၅ သန်း၊ အလက်ဇန္တား အိဆက်ခ် အတွက် ကိုတော့ ယူရို ၁၄၄ သန်း အထိ သုံးစွဲကာ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဗစ်ဇ်ဟာ လက်ရှိအချိန်ထိ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားပြီး သွင်းဂိုး လုံးဝ မရသေးသလို ၁၅ ပွဲ ကစား ၂ ဂိုး သွင်းယူထားပါတယ်။ အိဆက်ခ်ဟာ လစ်ဗာပူးလ်ရဲ့ ချန်ပီယံဘွဲ့ ကာကွယ်ရေး အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့်လည်း ပွဲချိန် အများစုကို အရံခုံမှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။
တစ်ဖက် မှာတော့ ဒီနွေရာသီမှာပဲ ပြောင်းရွှေ့လာခဲ့တဲ့ ပေါင် ၇၉ သန်းတန် တိုက်စစ်မှူး ဟူဂို အစ်ကီတီကေး ကတော့ ၂၃ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်းယူထားပြီး ဗစ်ဇ်နဲ့ အိဆက်ခ် တို့ထက် ခြေစွမ်းပြထားနိုင်ပါတယ်။ ဆွီဒင် တိုက်စစ်မှူးက အန်ဖီးလ်ကို ရောက်ရှိချိန် ကတည်းက ကြံ့ခိုင်မှု ပြဿနာနဲ့ ရုန်းကန်နေရကာ အရန်ခုံထိုင်ရနေရတာ ဖြစ်ပါတယ်။

အိဆက်ခ်ရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သတ်ပြီး လစ်ဗာပူးလ် ဂန္တဝင်ဟောင်း ဟာမန်းက အခုလိုပဲ သုံးသပ်လာခဲ့ပါတယ်။ “လစ်ဗာပူးလ်က လာမယ့် ဇန်နဝါရီမှာ လူရောင်းထုတ်မလား ဆိုတာ ကျွန်တော် သေချာတော့ မသိပါဘူး။ ဒါပေမယ့် အိဆက်ခ် အတွက် အရာအားလုံးက မတ်လ၊ ဧပြီလလောက် ရောက်တဲ့ အချိန်အထိ မပြောင်းလဲလာဘူး ဆိုရင်တော့ သူတို့တွေ အိဆက်ခ်ကို နွေရာသီမှာ ဘာစီလိုနာလိုမျိုး အသင်းကို ရောင်းထုတ်ဖိုအတွက် ဆွေးနွေးကောင်း ဆွေးနွေးပါလိမ့်မယ်။”
“အိဆက်ခ်လို ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီး ရှိမှာပါ။ ဘာလို့လဲ ဆိုတော့ နယူးကာဆယ်မှာ သူပြသခဲ့တဲ့ အရည်အချင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိ အခြေအနေက အစ်ကီတီကေးရဲ့ ခြေစွမ်း အပေါ် မှာလည်း အများကြီး မူတည်တယ်။ ဘာလို့လဲ ဆိုရင် သူသာ ဆက်ပြီး တိုးတက်နေရင် အိဆက်ခ် အတွက် ပွဲကစားချိန် ရဖို့ ရုန်းကန်ရနိုင်ချေ ရှိပြီး သူတောင်ပံထွက် ကစားရရင်တော့ တမျိုးတဖုံ ပြောင်းလဲနိုင်ပါတယ်။” ဟာမန်းက သုံးသပ်သွားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ စံချိန်တင် ငွေသုံးစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အာနေး ဆလော့တ် လက်အောက်မှာ လစ်ဗာပူးလ်က တော်တော်လေး ယိုင်နဲ့နေပါတယ်။ ရလဒ်တွေ ဆိုးရွားနေတာကြောင့် လက်ရှိ ပရီးမီးယားလိဂ် မှာလည်း အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ရောက်ရှိနေကာ ဇယားထိပ်က အာဆင်နယ်နဲ့ ၁၀ မှတ် အထိ ပြတ်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာတော့ လစ်ဗာပူးလ်က ရလဒ်တွေ ပြန်ကောင်းနေပြီးတော့ ချန်ပီယံလိဂ် မှာတော့ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


