ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ နန့်စ်နဲ့ လီဂူးဝမ်း ပွဲမှာ ၂ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ် ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ချီးကျူးလိုက်ပါတယ်။ အန်နရီကေးက ခါဗရာစခီလီယာရဲ့ အဆင့်အတန်း မြင့်မားတဲ့ ခြေစွမ်းနဲ့ စရိုက်လက္ခဏာကို ချီးကျူး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ခါဗစ်ချာ ခါဗရာစခီလီယာဟာ လီဂူးဝမ်း ထိပ်သီး ကလပ် အတွက် ဆက်တိုက်ကို ခြေစွမ်းပြနေပြီး နန့်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ တစ်ဦးတည်း နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီ ဟာ လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်မှာ ဒုတိယ နေရာက လန်းစ်ကို ၄ မှတ် ပြန်ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခါဗရာစခီလီယာဟာ မတ်လ ၁၁ ရက်နေ့က စလို့ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၇ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး၊ အဲဒီကာလ အတွင်း ဥရောပ ထိပ်သီးလိဂ် ၅ ခုက ဘယ်ကစားသမား ကမှ သူ့ထက် ဂိုးပို သွင်းထားနိုင်ခြင်း မရှိပါဘူး။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ အခုပွဲ မှာလည်း တစ်ဦးချင်း ကျော်ဖြတ်မှု ၃ ကြိမ်၊ ယှဉ်ပြိုင် ကစားရာမှာ အနိုင်ရမှု ၆ ကြိမ်နဲ့ ဂိုးပေါက်တည့် ကန်ချက် ၃ ကြိမ်စီနဲ့ အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ “ခွီချာဟာ တစ်ရာသီလုံး အဆင့်အတန်း မြင့်မားတဲ့ ခြေစွမ်းမှာ ရှိနေခဲ့တာပါ။ သူ့ရဲ့ အရည်အသွေးကို လူတိုင်း သိပြီးသားမို့ ကျွန်တော် ထပ်ပြီး မပြောလိုတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက သူ့ရဲ့ စရိုက်လက္ခဏာ အကြောင်းပါ။ ဘယ်လို ပွဲမျိုးမှာ မဆို သူ့ရဲ့ ကစားပုံနဲ့ သူ့ရဲ့ ခံစစ်ကူပေးပုံတွေက တကယ်ကို အရေးပါပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လူးဝစ္စ အန်နရီကေးက ရာသီကုန်ဖို့ ၅ ပွဲသာ လိုတော့တဲ့ အချိန်မှာ လန်းစ် အသင်းကို အမှတ် ဖြတ်ထားနိုင်ဖို့ အရေးကြီးပုံ ကိုလည်း အခုလိုပဲ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “လန်းစ် အသင်းရဲ့ ဒီရာသီ ခြေစွမ်းကို ကြည့်မယ် ဆိုရင် သူတို့ဟာ တိုးတက်ဖို့ အတွက် အမြဲတမ်း ကြိုးစားနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း ဒီလိဂ် ချန်ပီယံဆုကို ထပ်ပြီး ရယူချင်တဲ့ ဆန္ဒရှိတယ် ဆိုတာ ပြသဖို့ အရေးကြီးပါတယ်။ ဒါက ခက်ခဲပါလိမ့်မယ်။ ကစားဖို့ ပွဲတွေ ကျန်သေးသလို လန်းစ် အသင်းနဲ့လည်း သူတို့ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဦးမှာပါ။”
“ကျွန်တော် တို့ရဲ့ အခုပွဲ ကစားဟန်က ပြည့်စုံလုနီးပါးပါပဲ။ ရာသီကုန်ခါနီးမှာ ဒီလို ပွဲမျိုးကို အနိုင်ရဖို့က အရမ်း အရေးကြီးပါတယ်။ အခု နိုင်ပွဲနဲ့ ထိုက်တန်တယ် လို့လည်း ကျွန်တော် ထင်သလို၊ အသင်းရဲ့ ခြေစွမ်း အပေါ် မှာလည်း အားရ ကျေနပ်မိပါတယ်။” လို့ အန်နရီကေးက ဆိုပါတယ်။
တစ်ဖက် မှာလည်း ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်နဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် ကစားရဖို့ ရှိနေပြီး ပြိုင်ပွဲ နှစ်ခုကို တပြိုင်နက်တည်း အာရုံစိုက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ ထိပ်တိုက် တွေ့ဆုံချိန် အများစုမှာ အသာရခဲ့ခြင်း မရှိပဲ ရုန်းကန်ရလေ့ ရှိပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၁ ကြိမ်မှာ ပီအက်စ်ဂျီက ဘေယန်ကို ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး ၈ ကြိမ် အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


