နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“တာဝန်ရှိသမျှ ကျွန်တော့် အပေါ်မှာပဲ ရှိပါတယ်” – ဒီယေဂို ဆီမြွန်နီ | လာလီဂါ

အက်တလက်တီကိုမက်ဒရစ်ဟာ လာလီဂါမှာ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဒီယေဂို ဆီမြွန်နီက ကစားသမားတွေကို အပြစ်မတင်ဘဲ တာဝန်ရှိသမျှကို သူကိုယ်တိုင်ပဲ ခေါင်းခံသွားခဲ့ပါတယ်။ နည်းပြ ဒီယေဂို ဆီမြွန်နီက လာလီဂါ ပွဲစဉ်မှာ အဲလ်ချီကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲ အတွက် ဒီယေဂို ဆီမြွန်နီက အပြစ် အားလုံးကို တာဝန်ယူခဲ့ပေမယ့် မကြာခင်မှာ အသင်းရဲ့ ခြေစွမ်း ပြန်လည် ကောင်းမွန်လာမယ်လို့ အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။ 

ဒီပွဲမှာ နီကို ဂွန်ဇာလက်ဇ်က အက်တလက်တီကိုမက်ဒရစ် အတွက် စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၃၃ မိနစ် မှာတင်ပဲ အဲလ်ချီက ဒေးဗစ် အာဖန်ဂရူဘာနဲ့ အန်ဒရေ ဆေးလ်ဗား တို့ရဲ့ ဂိုးတွေနဲ့ ပွဲကို အလှည့်အပြောင်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အန်ဒရေ ဆေးလ်ဗားရဲ့ ဂိုးဟာ သီယာဂို အဲလ်မာဒါ တစ်ဦးတည်း ရှိနေတဲ့ တိုက်စစ်မှူးကို ဖျက်ထုတ်ခဲ့လို့ အနီကတ်ပြခံရပြီးနောက် ရရှိလာတဲ့ ပင်နယ်တီ ကနေ သွင်းယူခဲ့တာပါ။

ဒုတိယပိုင်း ပြန်စစချင်းမှာပဲ နီကို ဂွန်ဇာလက်ဇ်က တစ်ဦးတည်း ရုန်းထွက်ပြီး ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် အဲလက်စ် ဘေနာ သွင်းယူခဲ့တဲ့ ဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ပွဲချိန် ၇၅ မိနစ် မှာတော့ ဆေးလ်ဗား ကပဲ အဲလ်ချီ အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဲလ်ချီဟာ လာလီဂါ တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ရီးရဲလ်ဆိုစီဒက်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်ဟာ အခုဆိုရင် လာလီဂါမှာ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။
လာလီဂါမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတဲ့ အက်တလက်တီကိုမက်ဒရစ်

ပြီးခဲ့တဲ့ တပတ်က ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ရီးရဲလ်ဆိုစီဒက်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်ဟာ အခုဆိုရင် လာလီဂါမှာ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း သူတို့ အသင်းရဲ့ အရှည်ကြာဆုံး ရှုံးပွဲဆက်မှု ဖြစ်လာခဲ့သလို အခု ရာသီ လာလီဂါမှာ ဦးဆောင်ဂိုး ရထားပြီးမှ ပြန်ပေးလိုက်ရတဲ့ ရမှတ်ပေါင်းက ၂၅ မှတ် အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ လာလီဂါက ဘယ်အသင်းထက်မဆို ပိုများတဲ့ ပမာဏပါ။

စိတ်ပျက်စရာ ရလဒ်တွေ ထွက်ပေါ်နေပေမယ့် ဒီယေဂို ဆီမြွန်နီ ကတော့ စိတ်ဓာတ်မကျဘဲ အသင်း အပေါ် ယုံကြည်မှု အပြည့် ရှိနေပါတယ်။ “ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ခဲ့ပါတယ်။ အနည်းဆုံး တစ်မှတ် ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အသင်းက မနိုင်ခဲ့ပါဘူး။ ဒီအတွက် တာဝန်ရှိသမျှက ကျွန်တော့် အပေါ် မှာပဲ ရှိပါတယ်။” လို့ ဆီမြွန်နီက ဆိုပါတယ်။

“လာမယ့် ပွဲတွေ အတွက် ကျွန်တော် အမြဲတမ်း အကောင်းမြင်ပါတယ်။ ကစားသမားတွေ အပေါ် မှာလည်း အကြွင်းမဲ့ ယုံကြည်မှု ရှိပါတယ်။ အခု ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သူတို့ ကျော်ဖြတ်နိုင်မှာပါ။ ကျွန်တော် သူတို့ကို အပြည့်အဝ ယုံကြည်ပါတယ်။”လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

အချက်အလက် မှတ်တမ်းတွေ အရ အက်တလက်တီကိုမက်ဒရစ်ဟာ ဒီပွဲမှာ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ၁.၀ သာ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၆ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ အန်တွန် ဂရစ်ဇ်မန်းရဲ့ တစ်ကြိမ်တည်းသော အခွင့်အရေး ကိုလည်း အဲလ်ချီ ဂိုးသမားက ကာကွယ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ နီကို ဂွန်ဇာလက်ဇ် ကတော့ အသင်း အတွက် အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်။ သူဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၅ ပွဲမှာ ၂ ဂိုးစီ သွင်းယူနိုင်တဲ့ ပွဲ ၂ ပွဲ အထိ ရှိလာခဲ့တာ ဖြစ်ပြီး ဒါဟာ သူ ဥရောပ ထိပ်သီးလိဂ်တွေမှာ ကစားခဲ့တဲ့ ၁၇၇ ပွဲထက်တောင် ပိုများတဲ့ စံချိန် ဖြစ်နေပါတယ်။

ဂွန်ဇာလက်ဇ်နဲ့ ပတ်သက်ပြီး ဆီမြွန်နီက “သူ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ကွင်းထဲက ၁၀ ယောက် စလုံးလည်း ရှိသမျှ အင်အားနဲ့ အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြတာပါ၊ ဒါပေမယ့် သရေ ၁ မှတ် ရဖို့ အတွက်တောင် အဲဒီ ကြိုးစားမှုက မလုံလောက်ခဲ့ပါဘူး။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်