ပီအက်စ်ဂျီ – ဘေယန်မြူးနစ်
အခုတပတ် မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိပြီး ပီအက်စ်ဂျီက ဘေယန်မြူးနစ်ကို Parc des Princes မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းလိဂ်မှာ အမြဲတမ်းလိုလို ဗိုလ်စွဲလေ့ရှိပြီး ဥရောပ စင်မြင့် မှာတော့ အောင်မြင်မှုနဲ့ ဝေးကွာနေတတ်တဲ့ အသင်းကြီး နှစ်သင်းရဲ့ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုကို ရှုစားရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ
လက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လစ်ဗာပူးလ်ကို နှစ်ကျော့ပေါင်း ၄-၀နဲ့ အပြတ်အသတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းလာတာပါ။ တစ်ဖက် မှာတော့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ အံ့အားသင့်ဖွယ် အလှည့်အပြောင်း အတွက် ကြိုးပမ်းမှုကို တွန်းလှန်ပြီး ဒီအဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လူးဝစ္စ အန်နရီကေးရဲ့ ပီအက်စ်ဂျီဟာ ဒီရာသီ လီဂူးဝမ်း ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အရင်နှစ်တွေကထက် ပိုမို ရုန်းကန်နေရပြီး အုပ်စု အဆင့် မှာလည်း ရလဒ် အနည်းငယ် ယိမ်းယိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်းရှိတဲ့ အသင်းကြီး တစ်သင်း ဖြစ်ကြောင်း သက်သေပြနေပါတယ်။ လက်ရှိမှာ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကို ၄ ပွဲ ဆက်တိုက် အနိုင်ရထားပြီး စုစုပေါင်း ၁၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပြင်သစ် ကလပ် အသင်း တစ်သင်း အနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို (၃) နှစ်ဆက်တိုက် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခြင်းလည်း ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာ အနိုင်ရခဲ့ရင် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် ပွဲပေါင်း (၁၀၀) ပြည့် အနိုင်ရတဲ့ ပထမဆုံး ပြင်သစ် ကလပ် အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်

ဗင်းန်ဆင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ် ကတော့ ဧပြီ ၁၉ ရက်နေ့က စတုဂတ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို တရားဝင် ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။ သူတို့အတွက် ပြည်တွင်းဖလားဟာ ထမင်းစားရေသောက်သလို ဖြစ်နေပေမဲ့ ဥရောပ စင်မြင့် မှာတော့ ၂၀၂၀ ပြည့်နှစ် (ကိုဗစ်ကာလ) ကတည်းက အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာပါ။ ဘေယန်ဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၅ ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး တစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ် အတွင်း မှာတော့ ဘေယန်ရဲ့ ဥရောပ မှတ်တမ်းက အထင်ကြီးစရာ ကောင်းနေပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံး ၇ ပွဲဆက် အနိုင်ရထားသလို ပြိုင်ပွဲစုံ မှာလည်း ၉ ပွဲ ဆက်တိုက် အနိုင်ရရှိထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ပီအက်စ်ဂျီ ဘက်က အဓိက ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပြီးတော့ ဘေယန်မြူးနစ် ဘက်မှာတော့ ဆဗန် အူးလ်ရစ်ချ်၊ ကိုင်လာ၊ ဂွာရဲရိုး၊ ဆန်းတို့စ်၊ လန်နတ် ကားလ်၊ ဂနာဘရီ၊ ဘစ်ရှော့ပ်၊ မိုက်ခ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ပီအက်စ်ဂျီ – ဆာဖိုနော့ဗ်၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ရူအစ်ဇ်၊ ဇိုင်း-အမ်မရီ၊ နီဗက်စ်၊ ဒူယေး၊ ဒမ်ဘီလီ၊ ခါဗရာစခီလီယာ
ဘေယန်မြူးနစ် – နော်အာ၊ စတန်နီဆစ်၊ အူပါမီကာနို၊ တာ့ရ်၊ လိုင်မာ၊ ပက်ဗ်လိုဗစ်၊ ကင်မစ်ချ်၊ အိုလီဆေး၊ မူဆီအာလာ၊ ဒီးယက်ဇ်၊ ကိန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နိုဝင်ဘာလက ပါ့ခ်ဒက်စ် ပရင့်စ်မှာ ကစားခဲ့တဲ့ အုပ်စု ပွဲစဉ်တုန်း ကလည်း ဘေယန်က ပီအက်စ်ဂျီကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘေယန်ကို ရှုံးနိမ့်ခဲ့ရတဲ့ ဒဏ်ရာ အပြင်၊ သူတို့ ကွင်းမှာ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ ၅ ကြိမ်အထိ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကိုပါ ချေဖျက်ဖို့ ကြိုးစားရမှာပါ။ တစ်ဖက် မှာလည်း ဘေယန်က သူတို့ရဲ့ ဆီမီးဖိုင်နယ် ကျိန်စာကို ဖြတ်ကျော်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ် ခြေစွမ်း ထက်မြက်နေကြပြီး ပြည်တွင်းလိဂ် မှာလည်း အင်အားချွေတာနိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် အကြိတ်အနယ် ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၂.၃၅ ဆ၊ ဘေယန်မြူးနစ် နိုင်ရင် ၂.၅၀ ဆ၊ သရေ ဆိုရင်တော့ ၃.၆၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးနဲ့ ပီအက်စ်ဂျီ ဘက်က ခပ်ပါးပါး ကြေးပေါက်နေပါတယ်။ ဘေယန်ဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းတတ်ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ မှန်းဆရခက်ပြီး နှစ်သင်းစလုံးက တိုက်စစ်တွေ ထက်မြတ်နေပါတယ်။ ဒီပွဲမှာတော့ ဂိုးပေါ် ကိုသာ ရွေးချယ်ထားချင်ပြီး သရေ ရလဒ် ကတော့ စွန့်စားသင့်တဲ့ ရလဒ် တစ်ခု ဖြစ်နေပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ပီအက်စ်ဂျီ ၂-၂ ဘေယန်မြူးနစ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


