ဖူလ်ဟမ် – အက်စတွန်ဗီလာ
ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဥရောပဝင်ခွင့် မျှော်မှန်းနေတဲ့ ဖူလ်ဟမ်နဲ့ အဆင့် (၄) နေရာက အက်စတွန်ဗီလာတို့ Craven Cottageမှာ ရင်ဆိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဗီလာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဗီလာပါ့ခ်မှာ ဖူလ်ဟမ်ကို အကြိတ်အနယ် ကစားကာ ၃-၁ နဲ့ အနိုင်ရရှိထားပြီး ဒီပွဲမှာပါ ရလဒ် ထပ်ကောင်းရင်တော့ ဖူလ်ဟမ် အပေါ် ၃ ရာသီ ဆက်တိုက် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အသာရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားမှာလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်
ဖူလ်ဟမ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးရဖို့ ရုန်းကန်နေရပါတယ်။ ဒါဟာ သူတို့ အရင်ကစားခဲ့တဲ့ ၂၅ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ အရေအတွက်နဲ့ တူညီနေပါတယ်။ ပြီးခဲ့တဲ့ အပတ် ကလည်း အနောက် လန်ဒန်ဒါဘီ ပြိုင်ဘက် ဘရန်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျထားပါတယ်။ အဲဒီပွဲမှာ ဂိုးသမား ဘန် လန်နိုရဲ့ လက်စွမ်းပြ ကာကွယ်မှုကြောင့်သာ ဖူလ်ဟမ်တို့ အဖိုးတန် ၁ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မာကို ဆေးလ်ဗားရဲ့ အသင်းဟာ အဆင့် ၁၂ နေရာမှာ ရှိနေပေမယ့် အဆင့် ၇ နေရာက ဘရန်ဖို့ဒ်နဲ့ ၃ မှတ် အကွာ၊ အဆင့် ၆ နေရာက ဘရိုက်တန်နဲ့ ၅ မှတ် အကွာမှာသာ ရှိနေတာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်တို့ သတိထားရမှာက ပွဲအစပိုင်းမှာ အထနှေးတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။ ကော့တေဂျာတို့ဟာ ဒီနှစ်ဆန်းပိုင်းက စလို့ ပထမပိုင်းမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ တန်းဆင်းသွားတဲ့ ဝုဗ်နဲ့ အတူ လိဂ်မှာ အနည်းဆုံး မှတ်တမ်း ဖြစ်ပါတယ်။ ဖူလ်ဟမ်တို့ ဥရောပဝင်ခွင့် အဆင့် ၇ အတွင်း ဝင်ချင်တယ် ဆိုရင်တော့ ပွဲစကတည်းက ကစားပုံ ကောင်းမွန်ဖို့ လိုအပ်နေပါတယ်။
အက်စတွန်ဗီလာ
အူနိုင်း အမ်မရီရဲ့ ဗီလာ ကတော့ (၄) ရာသီဆက်တိုက် အဆင့် ၇ အတွင်း ဝင်ဖို့ သေချာသလောက် ရှိနေသလို၊ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း နောက်ဆုံး ၃ ပွဲမှာ ၇ မှတ် အထိ ရယူကာ အခြေအနေကောင်းနေပါတယ်။ ဝက်စ်ဟမ်းကို ၂-၀ နဲ့၊ ဖောရက်စ်နဲ့ ၁-၁ သရေကျပြီးနောက် ပြီးခဲ့တဲ့ တပတ်က ဆန်းဒါးလန်းနဲ့ ပွဲမှာ တမ်မီ အေဘရာဟမ်ရဲ့ ပွဲသိမ်းဂိုးနဲ့ အတူ ၄-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အကယ်၍ မနက်ဖြန် ဖူလ်ဟမ်ကို အနိုင်ရခဲ့ရင် ဗီလာဟာ ယူနိုက်တက်ကို ကျော်ပြီး အဆင့် ၃ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်သလို၊ အဆင့် ၆ က ဘရိုက်တန်ကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူတို့အနေနဲ့ လာမယ့်အပတ်မှာ ကစားရမယ့် ဖောရက်စ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ကို စိတ်အေးလက်အေး အာရုံစိုက်နိုင်တော့မှာပါ။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဖူလ်ဟမ် ဘက်က တီတီနဲ့ အီဝိုဘီတို့ ပါဝင်လာဖို့ မသေချာသေးပဲ အက်စတွန်ဗီလာ ဘက်မှာတော့ ကာမာရာနဲ့ အက်ဒ်ဝက်ဒ်တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ် – လန်နို၊ ကတ်စတန်ဂ်ညီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ဆက်ဂ်ဆနွန်၊ ဘာ့ဂျ်၊ လူကစ်၊ ဝီလ်ဆင်၊ စမစ်ရိုးဝ်၊ ဘော့ဘ်၊ ဟင်မီနက်ဇ်
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ မတ်ဆန်၊ အိုနာနာ၊ တေလီမန့်စ်၊ မက်ဂင်းန်၊ ရော်ဂျာစ်၊ ဆန်ချို၊ ဝက်ကင်းစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဖူလ်ဟမ်က အဝေးကွင်းမှာ ရုန်းကန်နေရပြီး ဗီလာဟာ နောက်ဆုံး အဝေးကွင်း ၇ ပွဲမှာ ၁ ပွဲသာ နိုင်ထားပြီး ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရ ဗီလာဟာ ဖူလ်ဟမ်နဲ့ နောက်ဆုံး တွေ့တဲ့ ၆ ပွဲစလုံး အနိုင်ရထားပါတယ်။ အူနိုင်း အမ်မရီဟာ ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ တွေ့ဆုံချိန်တိုင်း (၈ ပွဲ စလုံး) အနိုင်ရထားတဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဖူလ်ဟမ်ဟာ ဒီရာသီ သူတို့ ရထားတဲ့ ရမှတ် စုစုပေါင်းရဲ့ ၆၄.၄ ရာခိုင်နှုန်းကို အိမ်ကွင်းမှာပဲ ရယူထားတာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂.၆၇ ဆ၊ အက်စတွန်ဗီလာ နိုင်ရင် ၂.၃၈ ဆ၊ သရေ ဆိုရင်တော့ ၃.၂၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း ပုံမှန်ပါပဲ။ နှစ်သင်းလုံးရဲ့ လက်ရှိ ခြေစွမ်းနဲ့ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း ရလဒ်တွေကြောင့် ဖူလ်ဟမ် အပေါ် အက်စတွန်ဗီလာတို့ အသာရနေတာ ကိုတော့ ငြင်းဆန်လို့ မရပါဘူး။ မထင်မှတ်ပဲ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ကတော့ ဂိုးပေါ် ၃.၀၀ ကို သဘောကျနေပါတယ်။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၂-၂ အက်စတွန်ဗီလာ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


