လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့်ရာသီ မတိုင်ခင် အသင်းကို အကြီးအကျယ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ရှိနေပါတယ်။ နှစ်ရာသီ ဆက်တိုက် ဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ မျက်နှာသစ် ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒါဟာ လက်ရှိ အသင်းရဲ့ အမာခံ ကစားသမား တချို့ကို အသင်း ကနေ ထွက်ခွာစေဖို့ တွန်းအားပေးသလို ဖြစ်လာမှာပါ။ အထူးသဖြင့် ခံစစ်နဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေသလို၊ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ အမ်ဘာပေး တို့ရဲ့ ဂိုးသွင်းရမယ့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မယ့် ညာတောင်ပံ ကစားသမား တစ်ဦး ကိုလည်း ရှာဖွေနေပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ လူစာရင်းထဲမှာ နေရာလွတ် ရဖို့နဲ့ ကစားသမားသစ်တွေ အတွက် ငွေကြေး ရန်ပုံငွေ ရဖို့ ရောင်းထုတ်သင့်တဲ့ ကစားသမား ၅ ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဖရန် ဂါစီယာ
ဘယ်နောက်ခံလူ ၃ ယောက် ရှိနေတာက အသင်း အတွက် များပြားလွန်းနေပါတယ်။ ဖာလန်း မန်ဒီက ဒီ ၃ ယောက်ထဲမှာ ခံစစ် အတွက် စိတ်အချရဆုံး ဖြစ်သလို အဲလ်ဗာရို ကာရီးရက်စ် ကလည်း ပြီးခဲ့တဲ့ နွေရာသီက ယူရို သန်း ၅၀ နဲ့ ခေါ်ထားတာကြောင့် အသင်း ကနေ ချက်ချင်းတော့ ထွက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကစားသမား အားလုံး ကြံ့ခိုင်မှု ပြည့်ဝနေချိန်မှာ တတိယ ဦးစားပေး ဖြစ်နေတဲ့ ဖရန် ဂါစီယာ ကတော့ အသင်းကနေ ထွက်ခွာရဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။ သူ့ကို ဘုန်းမောက်က အငှားနဲ့ ခေါ်ဖို့ ကြိုးစားခဲ့ဖူးတာကြောင့် လာမယ့် နွေရာသီ မှာတော့ သူ့ကို ပုံမှန် ကစားခွင့်ရမယ့် အသင်း တစ်သင်းဆီ ရောင်းဖွယ်ရှိနေပါတယ်။
၂။ ရာအူးလ် အဆန်စီယို
ပြီးခဲ့တဲ့ ရာသီက ခံစစ် ဒဏ်ရာ ပြဿနာတွေကြောင့် အဆန်စီယိုဟာ အသင်းကြီးမှာ ခြေစွမ်းပြခွင့် ရခဲ့ပေမယ့် ဒင်းန် ဟောက်ဆန် ရောက်လာတာ၊ မီလီတာအို ဒဏ်ရာက ပြန်လည် သက်သာလာတာနဲ့ ရူဒီဂါ ခြေစွမ်း ပြန်တက်လာတာတွေကြောင့် သူ့ အတွက် နေရာ ပျောက်သွားခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် ကလည်း ဒဏ်ရာတွေ ရခဲ့သလို နည်းပြ အာဘီလိုအာနဲ့လည်း အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ နောက်ထပ် ဗဟိုနောက်ခံလူသစ် တစ်ဦး ထပ်မံ ခေါ်ယူဖို့ ရှိနေတာကြောင့် အသက် ၂၃ နှစ် အရွယ် အဆန်စီယိုကို ဈေးကောင်းရတုန်း ရောင်းထုတ်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
၃။ ဒန်နီ ဆယ်ဘာယော့စ်
ဆယ်ဘာယော့စ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့သူပါ။ ဒါပေမယ့် အသင်းမှာ ဆက်ရှိနေခဲ့ပြီး ၂၀၂၅-၂၆ ရာသီမှာ အသင်းအတွက် အကျိုးပြုမှု အလွန် နည်းပါးခဲ့ပါတယ်။ အထူးသဖြင့် အိုဆာဆူနာနဲ့ ပွဲမှာ သူ့ရဲ့ အမှား ကနေ တစ်ဆင့် အသင်း ရှုံးနိမ့်ခဲ့ရပြီး လာလီဂါ ချန်ပီယံ မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။ အခု နွေရာသီမှာ ကွင်းလယ်လူသစ်တွေ ထပ်မံ ရောက်ရှိလာတော့မှာ ဖြစ်လို့ ၂၀၂၇ အထိ စာချုပ်ရှိနေတဲ့ သူ့ကို လစာ အလကား မပေးရအောင် အမြန်ဆုံး ရောင်းထုတ်သင့်နေပြီလည်း ဖြစ်ပါတယ်။
၄။ ဂွန်ဇာလို ဂါစီယာ
ဂွန်ဇာလို ဂါစီယာဟာ အမ်ဘာပေးရဲ့ အရံ တိုက်စစ်မှူး အဖြစ် မျှော်လင့်ခံခဲ့ရပြီး သူ့ကြောင့် အန်းဒရစ်ခ် ဆိုရင် လိုင်ယွန်ကို အငှားထွက် ကစားခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ မျှော်လင့်ထားသလို အခွင့်အရေး အပြည့်အဝ မရခဲ့ပါဘူး။ အမ်ဘာပေး ဒဏ်ရာရချိန်မှာတောင် သူဟာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ဥရောပ ကလပ် အများအပြားက စိတ်ဝင်စားနေကြတာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ သူ့ကို ပြန်လည် ဝယ်ယူခွင့် ထည့်သွင်းပြီး ရောင်းထုတ်သင့်ပါတယ်။ လာမယ့်ရာသီမှာ အန်းဒရစ်ခ် ကလည်း အငှား ကနေ ပြန်လာတော့မှာ ဖြစ်တာကြောင့် သူ့အတွက် နေရာ မရှိတော့ပါဘူး။
၅။ အက်ဒူယာဒို ကာမာဗင်ဂါ
ဒါကတော့ အံ့အားသင့်စရာ ဖြစ်နိုင်ပေမယ့် ကာမာဗင်ဂါဟာ လာလီဂါ ကလပ်မှာ ပွဲထွက် ကစားခွင့် နည်းပါးမှုကြောင့် မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီ၊ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က သူ့ကို စိတ်ဝင်စားနေကြပါတယ်။ ပြီးခဲ့တဲ့ မာယော့ကာ၊ ဂျီရိုနာ တို့နဲ့ ပွဲတွေမှာ သူ့ရဲ့ ခံစစ်အမှားတွေကြောင့် အမှတ်လျော့ခဲ့ရသလို ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ အနီကတ်ပြခံရတာ ကလည်း အသင်းကို နစ်နာစေခဲ့ပါတယ်။ သူ့ရဲ့ အလားအလာက အရမ်းမြင့်မားနေဆဲ ဖြစ်လို့ ဥရောပထိပ်သီး အသင်းတွေ ဆီကနေ ပြောင်းရွှေ့ကြေး အများအပြား ရနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ အသင်း အတွက် မရှိမဖြစ် မဟုတ်တော့တဲ့ သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားသင့်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


