နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘက်စတိုနီနဲ့ သဘောတူညီမှု ရခဲ့တဲ့ ဘာစီလိုနာ၊ ဘာရယ်လာကို ယူရို သန်း ၅၀ နဲ့ ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာဟာ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တောင်ပံကစားသမား ဘရတ်ဒ်လေ ဘာကိုလာ ကလည်း ဘာစီလိုနာကို ပြောင်းချင်နေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အခက်တွေ့နိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အင်တာမီလန် ကွင်းလယ်လူ နီကိုလို ဘာရယ်လာကို ယူရို သန်း ၅၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ဒန်နီ ကာဗာဟယ်ရဲ့ နေရာကို အစားထိုးဖို့ အာဆင်နယ် နောက်ခံလူ ဂျူရီယန် တင်ဘာကို ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်က ထွက်ခွာမယ့် ရာဖေးလ် ဂွါရဲရိုး ကလည်း လာလီဂါ ကလပ်ဆီကို ပြောင်းရွှေ့ချင်နေပါတယ်။

ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဘုန်းမောက်ရဲ့ လူငယ်ကွင်းလယ်လူ အဲလက်စ် စကော့တ်ကို ပေါင် ၆၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အပြိုင်ဖြစ်နေပါတယ်။

ဂရီမီယို လူငယ် ကြယ်ပွင့် ဂါဘရီရယ် မက်ခ်ကို ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က ပေါင် ၁၇ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာကြပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုဆီ ကနေ ယူရို သန်း ၂၀ တန် ကမ်းလှမ်းမှု တစ်ခု ရရှိထားပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ လူငယ် ကွင်းလယ်လူ အာချီ ဂရေးကို လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ဆီ မပါသွားအောင် ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် ဘေယန်မြူးနစ်က ထွက်ခွာမယ့် ရာဖေးလ် ဂွါရဲရိုး ကလည်း လာလီဂါ ကလပ်ဆီကို ပြောင်းရွှေ့ချင်နေပါတယ်။
ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘာရယ်လာ

အသလက်တစ် ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ဟာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် ရရှိခဲ့မယ် ဆိုရင် အာဆင်နယ်က ဒီနွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဒါ့အပြင် ဂန်းနား တို့ဟာ ရိမ်းဂျားစ် အသင်းရဲ့ ဗဟိုနောက်ခံလူ အီမန်နျူရယ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ထက် ရှေ့ကနေ ဦးဆောင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းခန့် ကျသင့်နိုင်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဲလ်ဆီးက တရားဝင် စိတ်ဝင်စားကြောင်း အကြောင်းကြားထားပါတယ်။ တစ်ဖက်မှာလည်း တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို အဲဗာတန် အသင်းထံ ပို့ပြီး တောင်ပံကစားသမား အီလီမန် အန်ဒီယေးနဲ့ အလဲအထပ် ပြုလုပ်ဖို့ ကြံရွယ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ခေတ်သစ် အတွက် အိုင်ကွန် အသစ် အဖြစ် ဂျူဗင်တပ်စ် တောင်ပံ ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ပေါင် ၇၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ် ဘက်က ပေါင် ၁၀၅ သန်း လိုချင်နေတာကြောင့် သဘောတူညီမှု မရသေးပါဘူး။ ဒါ့အပြင် ယူနိုက်တက်ဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ တူအန် ကူ့ပ်မိုင်းနား ကိုလည်း စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာစီးတီးဟာ အသက် ၁၈ နှစ် အရွယ် ပါးလ်မီးရပ်စ် တိုက်စစ်မှူး ဟေတာ ဗင်နီးစီးယပ်စ် အတွက် ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက် မှာလည်း အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ဖီနာဘာချီနဲ့ ဂါလာတာဆာရေး တို့က အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

လစ်ဗာပူးလ်ရဲ့ ပစ်မှတ် ဖြစ်သူ တောင်ပံ ကစားသမား ယန် ဒီယိုမန်ဒီ အတွက် လိုက်ပ်ဇစ် အသင်းက ပြောင်းရွှေ့ကြေးကို ပေါင် ၈၇ သန်း (ယူရို သန်း ၁၀၀) အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အက်စတွန်ဗီလာဟာ ဘာစီလိုနာ နောက်ခံလူ အလက်ဟန်ဒရို ဘဲလ်ဒီကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေသလို၊ လန်းစ် နောက်ခံလူ ဆမ်ဆန် ဘိုင်ဒူး ကိုလည်း စိတ်ဝင်စားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်