ဒီကနေ အခုတစ်ခါမှာတော့ ၁၉၉၂ ခုနှစ် ပရီးမီးယားလိဂ်လို့ နာမည် ပြောင်းလဲလိုက်ချိန်က စပြီး အဆင့်မြင့်တန်း ကနေ တန်းဆင်းသွားရတဲ့ အသင်းတွေ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မှတ်တမ်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် စတင်ကတည်းက တစ်ခါမှ တန်းမဆင်းဖူးတဲ့ အသင်း ၇ သင်းသာ ရှိနေပါတယ်။ ဒီအသင်းတွေ ကတော့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါး၊ လစ်ဗာပူးလ်၊ အဲဗာတန်နဲ့ ချဲလ်ဆီးတို့ ဖြစ်ပြီး ဘရိုက်တန် ကတော့ ၂၀၁၇ မှာ တန်းတက်လာပြီး နောက်ပိုင်း တန်းမဆင်းရသေးပါဘူး။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် (၁၉၉၂ ကနေ ယနေ့ထိ) တန်းအဆင်းရဆုံး အသင်းများ
- ၆ ကြိမ် (စံချိန်တင်) – နော့ဝှစ်ချ်စီးတီး
- ၅ ကြိမ် – ဝက်စ်ဘရွန်း၊ လက်စတာစီးတီး
- ၄ ကြိမ် – ဘန်လေ၊ မစ်ဒယ်ဘရော့၊ ရှက်ဖီးလ်ယူနိုက်တက်၊ ဆန်းဒါးလန်း၊ ဝက်ဖို့ဒ်
- ၃ ကြိမ် – ဘာမင်ဂမ်၊ ဘော်လ်တန်၊ ပဲလေ့စ်၊ ဖူလ်ဟမ်၊ ဟားလ်စီးတီး၊ နော့တမ်ဖောရက်စ်၊ ကျူပီအာ၊ ဆောက်သမ်တန်၊ အစ်ပ်ဆွစ်ချ်၊ ဝုဗ်
နာမည်ကြီး အသင်းတွေရဲ့ တန်းဆင်းရမှု အခြေအနေများ
နော့ဝှစ်ချ်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ “ ယိုယို” အသင်း အဖြစ် သတ်မှတ်ခံထားရပြီး ၆ ကြိမ်နဲ့ တန်းအဆင်းရဆုံး အဖြစ် စံချိန်တင်ထားပါတယ်။ နော့ဝှစ်ချ်စီးတီးဟာ နောက်ဆုံးအကြိမ် အဖြစ် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ တန်းဆင်းခဲ့ရပါတယ်။
ဝက်စ်ဘရွန်း ကတော့ ၅ ကြိမ် အထိ တန်းဆင်းခဲ့ဖူးပြီး ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီကတည်းက ချန်ပီယံရှစ်ဆီ ရောက်ရှိသွားတာ ဖြစ်ပြီး အခုချိန်ထိ တန်းပြန်တက်မလာနိုင်သေးပါဘူး။
လက်စတာစီးတီး ကတော့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီက လက်ကျန် ၅ ပွဲ အလိုမှာပဲ တန်းဆင်းသွားခဲ့ရပြီး စုစုပေါင်း ၅ ကြိမ်နဲ့ ဝက်စ်ဘရွန်းနဲ့ တူညီခဲ့ပါတယ်။ အခုဆိုရင် လက်စတာစီးတီးက ချန်ပီယံရှစ် ကနေ လိဂ်ဝမ်း အထိပါ တန်းဆင်းသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။
ဆောက်သမ်တန် ကတော့ ၂၀၂၄-၂၅ ရာသီက ၇ ပွဲ အလိုမှာပဲ တန်းဆင်းခဲ့ရပြီး စိန့် တို့ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အစောဆုံး တန်းဆင်းခဲ့ရတဲ့ စံချိန်ဆိုး ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။
ဝုဗ်ဟာ လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ လက်ကျန် ၅ ပွဲ အလို မှာတင်ပဲ တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ ထူးခြားချက်က ဝုဗ်ဟာ ရာသီစကတည်းက ရာသီကုန် အထိ ရက်ပေါင်း ၂၈၂ ရက်လုံး တန်းဆင်းဇုန်ထဲမှာသာ ရပ်တည်သွားခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။
အင်္ဂလန် ထိပ်သီးလိဂ် သမိုင်းတစ်လျှောက် တန်းအဆင်းရဆုံးအသင်းများ
- ၁၃ ကြိမ် – လက်စတာစီးတီး
- ၁၂ ကြိမ် – ဘာမင်ဂမ်စီးတီး
- ၁၁ ကြိမ် – ဝက်စ်ဘရွန်း
- ၁၀ ကြိမ် – ဘော်လ်တန်၊ မန်ချက်စတာစီးတီး
- ၉ ကြိမ် – ဘန်လေ၊ မစ်ဒယ်ဘရော့၊ နော့ဝှစ်ချ်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက်၊ ရှက်ဖီးဝမ်းနက်စ်ဒေး၊ ဆန်းဒါးလန်း
စိတ်ဝင်စားဖွယ် အချက်အလက်များ
မန်ချက်စတာစီးတီး ကတော့ လက်ရှိမှာ အလွန်အမင်း အောင်မြင်နေပေမယ့်လည်း သမိုင်းတစ်လျှောက် မှာတော့ အဆင့်မြင့်တန်း ကနေ ၁၀ ကြိမ် အထိ တန်းဆင်းရဖူးတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ လက်စတာနဲ့ ဘလက်ဘန်း နှစ်သင်း ကတော့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးခဲ့ဖူးပေမယ့်လည်း တန်းဆင်းရဖူးတဲ့ အတွေ့အကြုံ ရှိတဲ့ အသင်းတွေ ဖြစ်နေပါတယ်။ ဘာမင်ဂမ်စီးတီးဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီ တတိယတန်းလိဂ် (လိဂ်ဝမ်း) ဆီ တန်းဆင်းခဲ့ရပေမယ့်လည်း ၂၀၂၄-၂၀၂၅ မှာတော့ ချန်ပီယံရှစ်သို့ တန်းတက်လာနိုင်ခဲ့ပါတယ်။ လက်စတာစီးတီး ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်မှာ ၅ ကြိမ်၊ သမိုင်းတစ်လျှောက် ၁၃ ကြိမ်နဲ့ အင်္ဂလန်မှာ တန်းအဆင်းရဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


