နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ချန်ပီယံလိဂ်မှာ အနိုင်ရတာက လာလီဂါထက် ပိုလွယ်တယ်” – အာဘီလိုအာ| လာလီဂါ

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ အဓိက ဆုဖလားတွေနဲ့ နှစ်ရာသီဆက် ဝေးကွာတော့မယ့် အခြေအနေမှာ ရှိနေပါပြီ။ ဒါပေမယ့် နည်းပြ အဲလ်ဗာရို အာဘီလိုအာ ကတော့ လာလီဂါကို အနိုင်ရဖို့က ချန်ပီယံလိဂ်ထက် ပိုခက်ခဲနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ ကလည်း အသင်း အတွက် အခက်အခဲ ဖြစ်စေတယ်လို့ ပြစ်တင် ပြောကြားလိုက်ပါတယ်။

စပိန် ဒိုင်လူကြီးတွေရဲ့ အရည်အသွေးကြောင့် ရီးရဲလ်မက်ဒရစ် အတွက် ချန်ပီယံလိဂ် ဖလား ရယူနိုင်ဖို့ထက် လာလီဂါ ချန်ပီယံ ဖြစ်ဖို့က ပိုပြီးခက်ခဲနေတယ်လို့ အာဘီလိုအာက ယုံကြည်နေပါတယ်။ ဇန်နဝါရီလကမှ ဇာဘီ အလွန်ဆိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ အာဘီလိုအာရဲ့ လက်ထက်မှာ မက်ဒရစ်ဟာ မျှော်လင့်ထားသလို ဖြစ်မလာဘဲ အဓိက ဆုဖလား မရရှိဘဲ နှစ်ရာသီဆက် ဖြတ်သန်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

မက်ဒရစ်ဟာ ရှုံးထွက် ပြိုင်ပွဲတွေ ဖြစ်တဲ့ ကိုပါဒယ်ရေးဖလားမှာ ရှုံးနိမ့်ခဲ့သလို၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာလည်း ဘေယန်မြူးနစ်ကို ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။ အဲဒီနောက် လာလီဂါ မှာလည်း ခြေချော်မှုတွေ ရှိနေပြီး ထိပ်ဆုံးက ဘာစီလိုနာကို ၉ မှတ် အကွာနဲ့ လိုက်နေရပါတယ်။ လာလီဂါ သမိုင်းမှာ အမှတ်ပေးဇယား ဒီလိုအခြေအနေ ကနေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း မရှိသေးတာကြောင့် မက်ဒရစ်ဟာ လွန်ခဲ့တဲ့ (၁၄) ရာသီ အတွင်း (၁၀) ကြိမ်မြောက် အဖြစ် လာလီဂါ ဖလားကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ကစားမယ့် အလာဗက်စ်နဲ့ ပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အာဘီလိုအာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း လာလီဂါမှာ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်ပိုင်းက တိုးတက်ဖို့ လိုနေသေးတာ သေချာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဂျီရိုနာနဲ့ ပွဲမှာ အမ်ဘာပေးကို ပင်နယ်တီ မပေးခဲ့တဲ့ ဖြစ်ရပ်မျိုးတွေကို ကြည့်ရင် ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါထက် စာရင် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့က ပိုလွယ်ကူစေတဲ့ အခြေအနေတွေ ရှိနေပါတယ်။” လို့ အာဘီလိုအာက ဆိုပါတယ်။

အကယ်၍ ရီးရဲလ်မက်ဒရစ်သာ အခုတပတ်မှာ ရလဒ်ပိုင်း ထပ်မံ ယိုင်းယိုင်ခဲ့ဦးမယ် ဆိုရင်တော့ လာလီဂါ ချန်ပီယံဆုနဲ့ လွဲချော်သွားဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။
အလာဗက်စ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ (၈) ပွဲစလုံး အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်

လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ စွမ်းဆောင်ရည် ကျဆင်းနေမှုကြောင့် အာဘီလိုအာ အနေနဲ့ လာမယ့် ၂၀၂၆-၂၀၂၇ ရာသီမှာ နည်းပြ အဖြစ် ဆက်ရှိပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိနေပေမယ့် သူကတော့ အနာဂတ် အတွက် အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အာဘီလိုအာက “ဘာဖလားမှ မရဘဲ နှစ်ရာသီဆက် ဖြတ်သန်းရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကမှ ဖြစ်ဖူးတာပါ။ မက်ဒရစ်ရဲ့ စိတ်ဓာတ်က အမြဲတမ်း အနာဂတ်ကို ကြည့်ဖို့ပါပဲ။ အရှုံးတွေ၊ အနိုင်တွေ အပေါ် မှာပဲ အချိန်ကုန်မခံဘဲ ကျန်ရှိနေတဲ့ ပွဲစဉ် ၇ ပွဲစလုံးကို အနိုင်ရအောင် ကြိုးစားသွားပါမယ်။” လို့ ဆိုပါတယ်။

အလာဗက်စ်နဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ် ဘက်က ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို စောင့်ကြည့်ရမှာ ဖြစ်ပြီး သူဟာ အခုရာသီ အိမ်ကွင်း ပွဲစဉ် (၁၅) ပွဲမှာ ဂိုးပါဝင် ပတ်သက်မှု (၉) ကြိမ် (၄ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး) ပြုလုပ်ထားပြီး ဒါဟာ သူ့ရဲ့ အကောင်းဆုံး အိမ်ကွင်း စံချိန် ဖြစ်ပါတယ်။

တစ်ခု ရှိတာက ရီးရဲလ်မက်ဒရစ်ဟာ အလာဗက်စ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ (၈) ပွဲစလုံးကို အနိုင်ရထားပါတယ်။ ဒါ့အပြင် မက်ဒရစ်ဟာ အင်္ဂါနေ့မှာ ကစားခဲ့တဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ် (၁၅) ပွဲ စလုံးကို အနိုင်ရထားတဲ့ စံချိန်ကောင်း ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ဒီပွဲမှာလည်း မက်ဒရစ်ပဲ အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာ မထင်ရင် မထင်သလို ရှုံးနိမ့်တတ်တာကြောင့် ယတိပြတ်တော့ ပြောလို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ အကယ်၍ ရီးရဲလ်မက်ဒရစ်သာ အခုတပတ်မှာ ရလဒ်ပိုင်း ထပ်မံ ယိုင်းယိုင်ခဲ့ဦးမယ် ဆိုရင်တော့ လာလီဂါ ချန်ပီယံဆုနဲ့ လွဲချော်သွားဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်