ဘုန်းမောက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက ဘုန်းမောက်ကို သရေသာ ကစားနိုင်ခဲ့ပြီး ဆက်လက် နိုင်ပွဲ ပျောက်နေဆဲ ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ အန်ဒိုနီ အီရာအိုလာ ကတော့ ဘန်လေကို နောက်ကျဂိုးနဲ့ သရေကျခဲ့တာကြောင့် စိတ်ပျက်လျက် ရှိကြောင်း သိရပါတယ်။
ဘုန်းမောက်ဟာ ပွဲချိန် ၆၇ မိနစ်မှာ အန်တိုနီ ဆီမီညိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို အနိုင်ရရှိဖို့လည်း နီးစပ်ခဲ့ပေမယ့် ပွဲပြီးခါနီး ဘရိုဟာရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘရိုဟာ အနေနဲ့ အောက်တိုဘာလကုန်ပိုင်း နောက်ပိုင်း ပထမဦးဆုံး ပြန်ကစားတဲ့ လိဂ်ပွဲစဉ်မှာ ခေါင်းတိုက်ကာ ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ ဘုန်းမောက် အသင်းရဲ့ အနိုင်ရရှိမှုကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက်က ပွဲစဉ် တစ်ခုရဲ့ ၇၅ မိနစ် နောက်ပိုင်း နောက်ဆုံး ၄ ပွဲမှာ ၆ ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ရာအိုလာက စိတ်ပျက်လျက် ရှိပြီး BBC Sport နဲ့ အင်တာဗျူး မှာတော့ “ကျွန်တော်တို့ အကောင်းဆုံး အခွင့်အရေးတွေ ရနေတယ်လို့ ခံစားရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ set play တွေ အများကြီး ပေးခဲ့ရပြီး ဒါက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ပြစ်ဒဏ် တစ်ခုပါပဲ။ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။”
“ကျွန်တော်တို့ ၂-၀ နဲ့ ဦးဆောင်နေသင့်တာမို့လို့ ဒီလို ဖြစ်လာရင် ၂-၁ နဲ့ပဲ အဆုံးသတ်သွားမှာပါ။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနေတဲ့ အချိန်တွေမှာ ပွဲကို မဖြတ်နိုင်ခဲ့ပါဘူး။ ဒါက ပရီးမီးယားလိဂ်ပါ။ ခံစစ်နဲ့ တိုက်စစ်မှာ ဒီလို အမှားတွေ လုပ်လို့မရပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဆီမီညို ကတော့ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၂၈ ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့ပြီးတော့ သူ့ထက် ဂိုးပိုသွင်းထားနိုင်တာ ဆိုလို့ ဂျော်ရွှာ ကင်းနဲ့ ကော်လမ် ဝီလ်ဆင် တို့သာ ရှိပါတယ်။ ဆီမီညိုဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ကာလ မတိုင်ခင် ကတည်း ဘုန်းမောက် ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ အိုင်ရာအိုလာ ကတော့ ဆီမီညိုရဲ့ အသင်း အတွက် အရေးပါမှုကို အခုလိုပဲ မီးမောင်းထိုးပြခဲ့ပါတယ်။ “သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ။ အဲဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

တစ်ဖက် မှာလည်း ဘန်လေ မန်နေဂျာ စကော့တ် ပါကားက အဝေးကွင်းမှာ သူ့ အသင်း သရေ တစ်မှတ် ရခဲ့လို့ ကျေနပ်နေခဲ့ပါတယ်။ ဘန်လေက ၁၂၁ နှစ် အတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ခုနစ်ပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို အဆုံးသတ်ခဲ့ပါတယ်။ ပါကားက “ကျွန်တော် တို့မှာ ကြီးမားတဲ့ ဖိအားတွေ ရှိနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ တကယ်တော့ အဲဒါကို ရပ်တန့်ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်၊ ကျွန်တော်လည်း တိုက်ပွဲဝင်နေတယ်၊ ဒီကစားသမားတွေလည်း တိုက်ပွဲဝင်နေတယ်၊ ဒီရာသီ ကျန်တဲ့ ကာလ တလျှောက်လုံးလည်း တိုက်ပွဲဝင်သွားမှာပါ။ တိုက်ပွဲဝင်နေချိန်မှာ လိုအပ်တဲ့ အရာတွေ ရှိပါတယ်၊ ဒီနေ့ ကျွန်တော်တို့ အဲဒါကို ရခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘန်လေ အတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူပေးခဲ့တဲ့ ဘရိုဟာ ကလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ချဲလ်ဆီး အတွက် ဂိုးသွင်းယူပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် သွင်းဂိုး ပြန်ရခဲ့တာ ဖြစ်ပါတယ်။ ဒါက အဲလ်ဘေးနီးယားသား အတွက် ၃၉ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကို အဆုံးသတ်စေခဲ့ပြီး ပါကား ကတော့ သူတို့ အသင်း တန်းဆင်းဇုန် ကနေ ရုန်းထွက်ဖို့ ကြိုးပမ်းရာမှာ ဘရိုဟာ အနေနဲ့ အသင်းကို သွင်းဂိုးတွေနဲ့ ကူညီနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
ပါကားက “တိုက်စစ်မှူးတွေက သူတို့ရဲ့ ပွဲတွေကို ဂိုးတွေပေါ်မှာ အခြေခံပြီး ကစားကြပါတယ်။ အာမန်ဒိုကို အပြည့်အဝ ချီးကျူးပါတယ်၊ သူ ဂိုးရခဲ့တယ်၊ အဲဒါက သူ့အတွက် ကြီးမားတဲ့အရာပါ၊ မျှော်လင့်ပါတယ်၊ အဲဒါက သူလုပ်နေတဲ့ အရာ အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်သွားနိုင်ဖို့ လှေကားထစ် တစ်ခု ဖြစ်လာပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


